လိုအပ်ချက်များပေးပို့ရာတွင် လျှောက်ထားရမည့် လျှောက်လွှာပုံစံ
Thu , Mar 14 2019 - 10 amလိုအပ်ချက်များပေးပို့ရာတွင် လျှောက်ထားရမည့် လျှောက်လွှာပုံစံ
(လိုအပ်ချက်ဆိုသည်မှာ - အပေါ်စာလျှောက်လွှာနှင့်အတူ တံဆိပ်များနှင့် အခြား လိုအပ်ချက်များ အား ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လိပ်မူ၍ပေးပို့သော လျှောက်လွှာများကို ဆိုလိုပါသည်။ )
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း
Fri , Mar 08 2019 - 07 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)၊ (၁/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈)တို့၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်များပြင်ဆင်ပြီး ပြည့်စုံ၍ခွင့်ပြုသောတိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်)(၁၁)မျိုးနှင့်ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၉) ၏ဆုံးဖြတ်ချက်အရခွင့်ပြုသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) ( ၄၄ )မျိုး၊ စုစုပေါင်း(၅၅)မျိုး အား(၁-၂-၂၀၁၉)ရက်နေ့ မှ(၂၈-၂-၂၀၁၉) အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက်ထုတ်ယူ ရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂၀၁၉ခုနှစ် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသို့ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း
Fri , Mar 08 2019 - 06 amတရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ၂၀၁၉ခုနှစ် အတွက် မြန်မာပညာတော်သင်များကို ပညာသင်ဆု(အပြည့်)ဖြင့် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူဝန်ထမ်းများ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် လျှောက်လွှာများကို http://www.csc.edu.cn/studyinchina (သို့မဟုတ်) http://www. campuschina.org တွင် (၂၅.၃.၂၀၁၉) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။
ထိုင်းနိုင်ငံ၊ International Cooperation Agency(TICA)မှ ပညာသင်ဆု များအတွက် လျှောက်လွှာခေါ်ယူခြင်း
Thu , Mar 07 2019 - 08 amထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ International Cooperation Agency (TICA) မှ 2019 Thailand International Postgraduate Programme(TIPP) Programme ဖြင့် သင်ကြားပို့ချမည့် အောက်ဖော်ပြပါသင်တန်းများသို့ ပညာသင်စေလွှတ်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံ သူများသည် လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။
ထိုင်းနိုင်ငံ၊ International Cooperation Agency(TICA)မှ ပညာသင် ဆုများအတွက် လျှောက်လွှာခေါ်ယူခြင်း
Thu , Mar 07 2019 - 07 amထိုင်းနိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင် ရွက်ရေးအေဂျင်စီ International Cooperation Agency (TICA) မှ 2019 Thailand International Postgraduate Programme(TIPP) Programme ဖြင့် သင်ကြားပို့ချမည့် အောက်ဖော်ပြပါသင်တန်းများသို့ ပညာသင်စေလွှတ်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူ များသည် လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါ စာဖြင့် အကြောင်းကြားလာပါသည်။