တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၆၆) စောင်ထုတ်ပြန်ကြော်ငြာခြင်း
Thu , Mar 21 2019 - 08 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၇) နှင့် (၁/၂၀၁၉) ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၆၆) စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၅၆) စောင်အား ထုတ်ပြန်ကြော်ငြာခြင်း
Thu , Mar 14 2019 - 10 amသက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက် များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁-၂-၂၀၁၉) ရက်နေ့မှ (၂၈-၂-၂၀၁၉) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၅၆) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။
လိုအပ်ချက်များပေးပို့ရာတွင် လျှောက်ထားရမည့် လျှောက်လွှာပုံစံ
Thu , Mar 14 2019 - 10 amလိုအပ်ချက်များပေးပို့ရာတွင် လျှောက်ထားရမည့် လျှောက်လွှာပုံစံ
(လိုအပ်ချက်ဆိုသည်မှာ - အပေါ်စာလျှောက်လွှာနှင့်အတူ တံဆိပ်များနှင့် အခြား လိုအပ်ချက်များ အား ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီသို့ လိပ်မူ၍ပေးပို့သော လျှောက်လွှာများကို ဆိုလိုပါသည်။ )
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း
Fri , Mar 08 2019 - 07 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၂/၂၀၁၇)၊ (၁/၂၀၁၈)၊ (၃/၂၀၁၈)၊ (၄/၂၀၁၈)တို့၏ ဆုံးဖြတ်ချက်အရ လိုအပ်ချက်များပြင်ဆင်ပြီး ပြည့်စုံ၍ခွင့်ပြုသောတိုင်းရင်းဆေးဝါး မှတ်ပုံတင်(အသစ်)(၁၁)မျိုးနှင့်ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး (၁/၂၀၁၉) ၏ဆုံးဖြတ်ချက်အရခွင့်ပြုသော တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) ( ၄၄ )မျိုး၊ စုစုပေါင်း(၅၅)မျိုး အား(၁-၂-၂၀၁၉)ရက်နေ့ မှ(၂၈-၂-၂၀၁၉) အထိ ခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက်ထုတ်ယူ ရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
၂၀၁၉ခုနှစ် အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသို့ ပညာသင်ဆုလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း
Fri , Mar 08 2019 - 06 amတရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရမှ ၂၀၁၉ခုနှစ် အတွက် မြန်မာပညာတော်သင်များကို ပညာသင်ဆု(အပြည့်)ဖြင့် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူဝန်ထမ်းများ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် လျှောက်လွှာများကို http://www.csc.edu.cn/studyinchina (သို့မဟုတ်) http://www. campuschina.org တွင် (၂၅.၃.၂၀၁၉) ရက်နေ့နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။