the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်)(၃၀)မျိုး၏ ကတ်ပြားများထုတ်ယူရန် အကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ် ( ၂၉    /၂၀၁၉)

စာအမှတ် တဆပ  / ဆဝ /  ၂၀၁၉ ( ၂၀၈၅     )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊ ဧပြီ လ   ( ၂၀     )  ရက်

အကြောင်းအရာ။       တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြုစာရင်းအားထုတ်ပြန်ကြော်ငြာခြင်း။

၁။       ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေး       (၂/၂၀၁၆)၊ (၁/၂၀၁၇)၊ (၃/၂၀၁၈)၊

(၁/၂၀၁၉)တို့၏ ဆုံးဖြတ်ချက်အရလိုအပ်ချက်များပြင်ဆင်ပြီးပြည့်စုံ၍ ခွင့်ပြုသောတိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)(၃၀)မျိုးအား(၁-၄-၂၀၁၉)ရက်နေ့မှ(၃၀-၄-၂၀၁၉)အထိခွင့်ပြုခဲ့ပြီးဖြစ်ပါ၍ ကတ်ပြားလာရောက်ထုတ်ယူရန် ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။

၂။   ဤစာထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပကျန်တိုင်းဒေသကြီး/ ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လအတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) လက်မှတ်များကို ထုတ်ယူရ မည်ဖြစ်ကြောင်း အသိပေးကြော်ငြာအပ်ပါသည်။

                 

                                                              

  

            ဥက္ကဋ္ဌ(ကိုယ်စား)

 (ဒေါက်တာမြင့်မြင့်သန်း၊ အတွင်းရေးမှူး)

                                         ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ

မိတ္တူကို

ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ဒုတိယညွှန်ကြားရေးမှူးချုပ်၊တိုင်းရင်းဆေးပညာဦးစီးဌာန

ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)၊တိုင်းရင်းဆေးပညာဦးစီးဌာန

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့  ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)

ရုံးလက်ခံ

မျှောစာတွဲ

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်