ကိုရီးယားသမ္မတနိုင်ငံ၊ Korea Advance Institute of Science and Technology မှ 2019 Fall Semester အတွက် အောက်ဖော်ပြပါ ပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူဝန်ထမ်းများ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ လျှောက်လွှာများကို (၉.၄.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေး လူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
ရှန်ဟိုင်းမြို့တွင် (၇.၇.၂၀၁၉) မှ (၂၇.၇. ၂၀၁၉) ရက်နေ့ထိ သင်ကြားပို့ချမည့် National AdvancedTraining Program သို့ အရည်အချင်းပြည့်မီ သည့် အရာထမ်းများသည် ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထား လိုသူများသည် လျှောက်လွှာများကို http://apply.sjtu.edu.cn နှင့် http://www.sie. sjtu.edu.cn တို့တွင် (၁၅.၅.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
Australia Awards Scholarship Program 2020 Intakeပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်း
Fri , Mar 22 2019 - 06 amရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ ၂၀၁၉ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မှီသည့် ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၆၆) စောင်ထုတ်ပြန်ကြော်ငြာခြင်း
Thu , Mar 21 2019 - 08 amဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးအမှတ်စဉ်(၁/၂၀၁၇) နှင့် (၁/၂၀၁၉) ဆုံးဖြတ်ချက်အရ ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (အသစ်) (၆၆) စောင်စာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည်။
တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၅၆) စောင်အား ထုတ်ပြန်ကြော်ငြာခြင်း
Thu , Mar 14 2019 - 10 amသက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက် များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁-၂-၂၀၁၉) ရက်နေ့မှ (၂၈-၂-၂၀၁၉) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၅၆) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။