the republic of the union of myanmar

ministry of health

Department of Traditional Medicine

အမေရိကန်အစိုးရ၏ ပံ့ပိုးမှုဖြင့် ပညာသင်ဆုများလျှောက်ထားနိုင်ပါကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

 

စာအမှတ် တဆပ/နဆရ/၂၀၁၉  ( ၁၃၁၀ )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊ မတ် လ    (၂၆ )   ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊--------။

          (မှတ်ချက်။     မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

          ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)           

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်းကိစ္စ

ရည် ညွှန်း ချက်။           ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၄.၃.၂၀၁၉) ရက်စွဲပါ၊ စာအမှတ်၊ IRD/ပညာသင်/ခ(၂၀၁၉)၄၄၇၀

၁။အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ အမေရိကန်အစိုးရ၏ ပံ့ပိုးမှုဖြင့် အောက်ဖော် ပြပါ ပညာသင်ဆုသို့ အရည်အချင်းပြည့်မီသည့်ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရည်ညွှန်း စာဖြင့် အကြောင်းကြားလာပါသည်။

၂။သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website သို့ သတ်မှတ်ရက်ထက် နောက်မကျစေဘဲ တိုက်ရိုက်‌လျှောက်ထားနိုင်ပါကြောင်းနှင့် ယှဉ်ပြိုင် လျှောက်ထားပြီးသောရက်နေ့တွင် ညွှန်ကြားရေး မှူးချုပ် တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သို့ လျှောက်လွှာမိတ္တူ ပေးပို့ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်-

အမှတ်စဉ်      သင်တန်းဘာသာရပ်

   ၃၈            2020 Application Season

  (၃)             (1) Hubert H. Humphrey Fellowship Program (One year non-degree graduate Level study)

                   (2)   Fulbright Foreign Student Scholarship (Master’s Degree)

                   (3) Fulbright Foreign Language Teaching Assistant (FLTA) Scholarship (nine months non-degree program) 

ပူးတွဲ( ၃ )ရွက်            

 

        

                                                              

  

                                            (ဒေါက်တာမိုးဆွေ)

ညွှန်ကြားရေးမှူးချုပ်

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ