တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရုံးခွဲဖြစ်သည့် China Development Bank-CDB မှ တရုတ်ဘာသာစကားသင်တန်း (သို့မဟုတ်) မဟာဘွဲ့ သင်တန်းများအတွက် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများ သည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်း ကြားလာပါသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ပညာ သင်ရန်ပုံငွေစီမံခန့်ခွဲရေးကော်မတီ China Scholarship Council - CSC မှ ၂၀၁၉-၂၀၂၀ ပညာ သင်နှစ်အတွက် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူများ ယှဉ်ပြိုင်လျှောက်ထား နိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ လျှောက်လွှာ များကို (၁၅.၄.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
ကိုရီးယားသမ္မတနိုင်ငံ၊ Korea Advance Institute of Science and Technology မှ 2019 Fall Semester အတွက် အောက်ဖော်ပြပါ ပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူဝန်ထမ်းများ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ လျှောက်လွှာများကို (၉.၄.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေး လူ့စွမ်းအား အရင်း အမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
ရှန်ဟိုင်းမြို့တွင် (၇.၇.၂၀၁၉) မှ (၂၇.၇. ၂၀၁၉) ရက်နေ့ထိ သင်ကြားပို့ချမည့် National AdvancedTraining Program သို့ အရည်အချင်းပြည့်မီ သည့် အရာထမ်းများသည် ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထား လိုသူများသည် လျှောက်လွှာများကို http://apply.sjtu.edu.cn နှင့် http://www.sie. sjtu.edu.cn တို့တွင် (၁၅.၅.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။
Australia Awards Scholarship Program 2020 Intakeပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်း
Fri , Mar 22 2019 - 06 amရန်ကုန်မြို့ရှိ သြစတြေးလျသံရုံးမှ ၂၀၁၉ ပညာသင်နှစ်အတွက် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မှီသည့် ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။