the republic of the union of myanmar

ministry of health

Department of Traditional Medicine

China Development Bank-CDB မှ တရုတ်ဘာသာစကားသင်တန်း (သို့မဟုတ်) မဟာဘွဲ့ သင်တန်းများအတွက် လျှောက်ထားနိုင်ကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

 

စာအမှတ် တဆပ/နဆရ/၂၀၁၉  (  ၁၃၀၉  )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊ မတ် လ    (၂၆ )   ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊--------။

          (မှတ်ချက်။     မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

          ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)                 

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်းကိစ္စ

ရည် ညွှန်း ချက်။           ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ (၁၄.၃.၂၀၁၉) ရက်စွဲပါ၊ စာအမှတ်၊ IRD/ပညာသင်/ခ(၂၀၁၉)၄၄၆၈

၁။      အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရုံးခွဲဖြစ်သည့် China Development Bank-CDB မှ တရုတ်ဘာသာစကားသင်တန်း (သို့မဟုတ်) မဟာဘွဲ့ သင်တန်းများအတွက် အောက်ဖော်ပြပါပညာသင်ဆုသို့ အရည်အချင်းပြည့်မီသည့် ဝန်ထမ်းများ သည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်း ကြားလာပါသည်။

၂။      သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော လျှောက်ထားလိုသူများသည် သက်ဆိုင်ရာWebsite သို့ သတ်မှတ်ရက်ထက်နောက်မကျစေဘဲ တိုက်ရိုက်‌လျှောက်ထားနိုင်ပါကြောင်းနှင့် ယှဉ်ပြိုင် လျှောက်ထားပြီးသောရက်နေ့တွင် ညွှန်ကြားရေး မှူးချုပ် တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သို့ လျှောက်လွှာမိတ္တူ ပေးပို့ပါရန် အကြောင်းကြား အပ်ပါသည်-

အမှတ်စဉ်      သင်တန်းဘာသာရပ်

   ၃၈            China Development Bank Scholarship 2019

  (၄)             (1) Chinese Language Program

 ရိုးရိုး           (2) Master Program

ပူးတွဲ( ၆ )ရွက်            

 

        

                                                              

  

                                            (ဒေါက်တာမိုးဆွေ)

ညွှန်ကြားရေးမှူးချုပ်

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်