the republic of the union of myanmar

ministry of health

Department of Traditional Medicine

Korea Advance Institute of Science and Technology မှ 2019 Fall Semester အတွက် ပညာသင်ဆု လျှောက်ထားနိုင်ကြောင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

 

စာအမှတ် တဆပ/နဆရ/၂၀၁၉  (  ၁၃၁၁  )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊ မတ် လ    (၂၆ )   ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊--------။

          (မှတ်ချက်။     မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

          ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)                  

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်းကိစ္စ

ရည် ညွှန်း ချက်။           ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၁၄.၃.၂၀၁၉)ရက်စွဲပါ၊ စာအမှတ်၊ ၁(က)(၃)၂၀၁၉(၅၁၈၉)ကလရ

၁။အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံ၊ Korea Advance Institute of Science and Technology မှ 2019 Fall Semester အတွက် အောက်ဖော်ပြပါ ပညာသင်ဆုသို့ အရည်အချင်းပြည့်မီသူဝန်ထမ်းများ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ လျှောက်လွှာများကို (၉.၄.၂၀၁၉) ရက်နေ့နောက်ဆုံးထား၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။

၂။သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website သို့ သတ်မှတ်ရက်ထက်နောက်မကျစေဘဲ တိုက်ရိုက်‌လျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားသူများစာရင်းအား ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် ယှဉ်ပြိုင်လျှောက်ထားပြီးသောရက်နေ့ တွင် ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သို့ လျှောက်လွှာမိတ္တူ ပေးပို့ နိုင်ပါရန် အသိပေး အကြောင်းကြားအပ်ပါသည်-

2019 Fall Semester : Global IT Technology Pogram (ITIP)

Master

Ph.D

ပူးတွဲ( ၁ )ရွက်            

 

        

                                                              

  

                                            (ဒေါက်တာမိုးဆွေ)

ညွှန်ကြားရေးမှူးချုပ်

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ