the republic of the union of myanmar

ministry of health

Department of Traditional Medicine

National Advanced Training Program သို့ အရည်အချင်းပြည့်မီသူများလျှောက်ထားနိုင်ကြောင်း အကြောင်းကြားခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

 

စာအမှတ် တဆပ/နဆရ/၂၀၁၉  ( ၁၂၆၄   )

ရက်စွဲ၊  ၂၀၁၉ ခုနှစ်၊ မတ် လ    (၂၁  )   ရက်

သို့

          ပါမောက္ခချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့

          ညွှန်ကြားရေးမှူးများအားလုံး(စီမံခန့်ခွဲရေး၊ ကုသရေး၊ ဆေးဝါး/ဥယျာဉ်၊ သု-ဖွံ့)

          တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊------။

          (မှတ်ချက်။     မိမိလက်အောက်ရှိ ဌာနခွဲများသို့ ဆက်လက်ဖြန့်ဝေပေးပါရန်)

          ဆေးရုံအုပ်ကြီး၊ ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်)

အကြောင်းအရာ။          ပညာသင်ဆုလျှောက်ထားနိုင်ကြောင်းအကြောင်းကြားခြင်းကိစ္စ

ရည် ညွှန်း ချက်။           ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၏(၂၇.၂.၂၀၁၉)ရက်စွဲပါ၊ စာအမှတ်၊ ၁(က)(၁)၂၀၁၉(၄၅၀၆)ကလရ

၁။အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ ရှန်ဟိုင်းမြို့တွင် (၇.၇.၂၀၁၉) မှ (၂၇.၇. ၂၀၁၉) ရက်နေ့ထိ သင်ကြားပို့ချမည့် National AdvancedTraining Program သို့ အရည်အချင်းပြည့်မီ သည့် အရာထမ်းများသည် ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း၊ လျှောက်ထားလိုသူများသည် လျှောက်လွှာများကို http://apply.sjtu.edu.cn နှင့် http://www.sie. sjtu.edu.cn တို့တွင် (၁၅.၅.၂၀၁၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါကြောင်း ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ရည်ညွှန်းစာဖြင့် အကြောင်းကြားလာပါသည်။

၂။သို့ဖြစ်ပါ၍ တိုင်းရင်းဆေးပညာဦးစီးဌာနအောက်ရှိ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသော လျှောက်ထားလိုသူများသည် သက်ဆိုင်ရာ Website သို့ သတ်မှတ်ရက်ထက်နောက်မကျစေဘဲ တိုက်ရိုက်‌လျှောက်ထားနိုင်ပါကြောင်းနှင့်  လျှောက်ထားသူများစာရင်းအား ကျန်းမာရေး လူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသဖြင့် (၁၅.၅.၂၀၁၉) ရက်နေ့နောက်ဆုံးထား ၍ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သို့ လျှောက်လွှာမိတ္တူပေးပို့နိုင်ပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။

                                                              

  

ဒေါက်တာမိုးဆွေ

                                               ညွှန်ကြားရေးမှူးချုပ်

 

မိတ္တူကို

ရုံးလက်ခံ/မျှောစာတွဲ

 

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း
အစာလည်းဆေး၊ ဆေးလည်းအစာ ဖလံတောင်ဝှေးပင်အကြောင်း သိကောင်းစရာ