၁။ စာအုပ်၊ စာနယ်ဇင်းများတွင် ပညာပေးရေးသားခြင်း၊ အသံလွှင့်ခြင်း
အသံလွှင့်ခြင်း(သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်)
( ၁ )မီးယပ်ဖြူဆင်းခြင်းနှင့်ပတ်သက်၍ တိုင်းရင်းဆေးဖြင့် ကုသခြင်းအားပြန်လည်ဖြေကြားခြင်း
( ၂ )ကျောက်ကပ်ရောင်ရောဂါနှင့်ပတ်သက်၍မေးမြန်းလာမှုအားပြန်လည်ဖြေကြား
(၃)ခြေတုန်/လက်တုန်ဝေဒနာခံစားနေရခြင်းအား တိုင်းရင်းဆေးပညာအမြင်ဖြင့်ပြန်လည်ဖြေကြား ခြင်း
( ၄ )ဝက်ခြံပေါက်ခြင်းနှင့်ပတ်သက်၍မေးမြန်းလာမှုအားပြန်လည်ဖြေကြားခြင်း
၂။ စာအုပ်၊ စာစောင်၊ ပိုစတာများရိုက်ကူးခြင်း
ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့်တိုင်းရင်းဆေးပညာပြတိုက် လက်ကမ်းစာစောင် ထုတ်ဝေနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၃။ စဉ်ဆက်မပြတ်တိုင်းရင်းဆေးပညာပေးရေးအစီအစဉ် (CTME)
ဖွံ့ဖြိုးရေးဌာနစိတ်ကတိုင်းဒေသကြီးနှင့် ပြည်နယ်(၁၅)ခုတို့ရှိတိုင်ရင်းဆေးရုံများတွင် ကျင်းပသော CTMEအစီအစဉ်တွင် “ပန်းနာရင်ကြပ်ရောဂါအကြောင်း” ဖတ်ကြားနိုင်ရန်အတွက် လမ်းညွှန်မှု ပေးနိုင်ခဲ့ပါသည်။
၄။ တိုင်းရင်းဆေးဝါးကြော်ငြာစိစစ်ခြင်း
မဂ္ဂဇင်းကြော်ငြာ- (၁) ခု
TV/ Radio ကြော်ငြာ- (၃) ခု
၅။ ပြခန်းများဖွင့်လှစ်ခြင်းနှင့် စာကြည့်တိုက် ထိန်းသိမ်းခြင်း
- (၁၃- ၉- ၂၁၀၈) ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့်တာဝန်ရှိပုဂ္ဂိုလ်များသည် နေပြည်တော် တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်ကြ ည့်ရှု၍ လိုအပ်သည်များကိုလမ်းညွှန်မှုများပြုခဲ့ပါသည်။
- ( ၂၀- ၉- ၂၀၁၈ )ရက်နေ့တွင် Thai Traditional Alternative Medicine (DTAM)မှ အမျိုးသားပရဆေးဥယျာဉ်နှင့်တိုင်းရင်းဆေးပညာပြတိုက်၊ နေပြည်တော်သို့ လာရောက်လေ့လာသူ (၈) ဦးအား ဖွံ့ဖြိုးရေးဌာနစိတ်ကတာဝန်ကျ ဆရာမများမှ ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ ကြပါသည်။
- ( ၂၈- ၉- ၂၀၁၈ )ရက်မှ ( ၂၉- ၉- ၂၀၁၈ ) ရက်နေ့အထိနေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရာဇဌာနီလမ်း၊ မင်္ဂလာဗျူဟာခန်းမ၌ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကျင်းပသော အစားအသောက်/ ဆေးဝါး/ အလှကုန်/ ဆေးပစ္စည်းဆိုင်ရာ လူထုအသိပညာပေးပြပွဲ တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာပေးပြခန်းဖွင့်လှစ်ခဲ့ပါသည်။
၆။ www.dtm.gov.mm website ပေါ်တွင်တင်ရန် အချက်အလက်များပေးပို့ခြင်း
- ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွက် ဖွံ့ဖြိုးရေးဌာနစိတ်၏ လုပ်ငန်းဆောင်ရွက်ချက်များ စုစည်းပေးပို့ခြင်း၊
- ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် ကျင်းပပြုလုပ်ခဲ့သော စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာပေးရေးအစီအစဉ်မှ အစာမကြေခြင်းနှင့်ပတ်သက်၍ ကျင်းပဆောင်ရွက်ခဲ့ မှုများအား စုစည်း ပေးပို့ခြင်း
- တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ကွင်းဆင်းဆေးကုသဆောင်ရွက်မှု သတင်းမှတ်တမ်းဓာတ်ပုံများပေးပို့ခြင်း၊
- နေပြည်တော်တိုင်းဦးစီးဌာနမှူးရုံး၏ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ၊ ကွင်းဆင်းဆေးကုသမှု မှတ်တမ်း၊
- ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံကြီး၏ ၂၀၁၈ ခုနှစ်၊စက်တင်ဘာလ၊ ကွင်းဆင်း ဆေးကုသမှု မှတ်တမ်း၊
၇။ အထွေထွေ