the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)-(၂၇၅) စောင်အား ထုတ်ပြန်ကြော်ငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ်(  ( ၇၂ / ၂၀၁၈)

စာအမှတ် တဆပ/ဆဝမ/၂၀၁၈ ( ၅၀၉၀)

ရက်စွဲ၊  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၈   ရက်

အကြောင်းအရာ။       တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)ခွင့်ပြုစာရင်းထုတ်ပြန်ကြော်ငြာခြင်း။

၁။      သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများနှင့် ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီအစည်းအဝေးများ၏ ဆုံးဖြတ်ချက်များအရ လိုအပ်ချက် များ ပြင်ဆင်ပြီးပြည့်စုံ၍ (၁-၉-၂၀၁၈) ရက်နေ့မှ (၃၀-၉-၂၀၁၈) ရက်နေ့အတွင်း ခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး)- (၂၇၅) စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာ လိုက်သည်။

၂။      ဤစာထုတ်ပြန်သည့်နေ့မှစတင်၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်း ဒေသကြီး/ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လ အတွင်း တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။ 

 

ဥက္ကဌ (ကိုယ်စား)

(ဝင်းဟန်၊ အတွင်းရေးမှူး)

 တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်လိုင်စင်စိစစ်ရေးအဖွဲ့

မိတ္တူကို-

ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့  ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)

ရုံးလက်ခံ

မျှောစာတွဲ

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ