the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) –(၇၀)စောင်အားထုတ်ပြန်ကြော်ငြာခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

ကြော်ငြာစာအမှတ်(  ( ၇၁ / ၂၀၁၈)

စာအမှတ် တဆပ /ဆဝ / ၂၀၁၈ (၅၀၄၅ )

ရက်စွဲ၊  ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၆   ရက်

အကြောင်းအရာ။      တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး)  ခွင့်ပြုစာရင်း ထုတ်ပြန်ကြော်ငြာခြင်း

၁။  သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့အစည်းအဝေးများ၏ ဆုံးဖြတ်ချက်အရ သက်ဆိုင်ရာသက်တမ်းရှိ မှတ်ပုံတင်များပြည့်စုံပြီးဖြစ်ပါ၍ (၂၆-၉-၂၀၁၈) မှ (၁၂-၁၀-၂၀၁၈)အတွင်းခွင့်ပြုခဲ့သည့် တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး)  –(၇၀)စောင်အား ပူးတွဲပါအတိုင်း ထုတ်ပြန်ကြော်ငြာလိုက်သည် -

၂။    ဤစာထုတ်ပြန်သည့်နေ့မှစ၍ ရန်ကုန်နှင့်မန္တလေးတိုင်းဒေသကြီးများမှအပ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသည် တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)တွင် (၃)လ အတွင်း တိုင်းရင်းဆေးဝါးထုတ် လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) လက်မှတ်များကို ထုတ်ယူရမည်ဖြစ်ကြောင်း ကြော်ငြာအပ်ပါသည်။  

 

ဥက္ကဌ (ကိုယ်စား)

(ဝင်းဟန်၊ အတွင်းရေးမှူး)

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်စိစစ်ရေးအဖွဲ့

မိတ္တူကို-

ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန

ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်)

သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများအားလုံး(သက်ဆိုင်ရာလုပ်ငန်းရှင်များသို့  ဆက်လက်အကြောင်းကြားရန် နှင့် ဆောင်ရွက်ပြီးစီးကြောင်းပြန်လည်တင်ပြရန်)

ရုံးလက်ခံ

မျှောစာတွဲ

ပူးတွဲအပြည့်အစုံဖတ်ရှုပါ
ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ