"လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် အရည်အသွေးပြည့်၀သည့် တိုင်းရင်းဆေးပညာရှင်များပိုမိုလေ့ကျင့်သင်ကြားမွေးထုတ်ပေးရန်"
(ထောက်ခံတင်ပြချက်)
လေးစားအပ်ပါသောသဘာပတိကြီးနဲ့ သဘာပတိအဖွဲ့ဝင်များခင်ဗျား/ရှင် .....
(၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံသို့ တက်ရောက်လာကြတဲ့ သဘာပတိကြီးနဲ့ သဘာပတိအဖွဲ့ဝင်များ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ကြီးများ၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်အသီးသီးမှ တိုင်းရင်းဆေးသမား တော်များညီလာခံကိုယ်စားလှယ်တော်ကြီးများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းသုခအဖြာဖြာနှင့် ပြည့်စုံကြပါစေလို့ ရှေးဦးစွာ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ရှင်/ခင်ဗျား။
ကျွန်တော်/ကျွန်မကတော့……………….တိုင်းဒေသကြီး/ပြည်နယ်…………........... မြို့ နယ်မှ တိုင်းရင်းဆေးသမားတော် ဦး/ဒေါ်……………….ဖြစ်ပါတယ်။
လေးစားအပ်တဲ့ သဘာပတိကြီးနဲ့ သဘာပတိအဖွဲ့ဝင်များခင်ဗျား/ရှင် .....
ကျွန်တော်/ကျွန်မအနေနဲ့ ယနေ့ကျင်းပပြုလုပ်တဲ့ (၁၉) ကြိမ်မြောက် မြန်မာ့ တိုင်းရင်းဆေးသမားတော်များညီလာခံမှာ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတတ်စေရန်အတွက် အရည်အသွေးပြည့်၀သည့် တိုင်းရင်းဆေး ပညာရှင်များပိုမိုလေ့ကျင့် သင်ကြားမွေးထုတ်ပေးရန်” အဆိုကိုထောက်ခံ ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ် ခင်ဗျာ/ ရှင်။
လေးစားအပ်တဲ့ သဘာပတိကြီးနဲ့ သဘာပတိအဖွဲ့ဝင်များခင်ဗျား/ရှင် .....
ယခင်ကတော့ တိုင်းရင်းဆေးပညာနဲ့ ပြည်သူလူထုရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးဖို့အတွက် နီးစပ်ရာဆရာသမားများထံမှာ အနီးကပ် တပည့်ခံကာ သင်ယူလေ့လာပြီး တိုင်းရင်းဆေးဆရာဖြစ်ဖို့နိုင်ငံတော်က ကျင်းပတဲ့ တိုင်းရင်းဆေးပညာအရည်အချင်းစစ် စာမေးပွဲများကိုဝင်ရောက် ဖြေဆိုခဲ့ကြရပါတယ်။ ပထမဦးစွာ (၃)ဘာသာ (ဒ၊ဘ၊ဗ) စာမေးပွဲများကို ကျင်းပပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ၎င်း(၃)ဘာသာစာမေးပွဲ အောင်မြင်ပြီးသူ ဆရာ၊ဆရာမများမှ သင်ကြားရေး၊ ကုသရေး ဆရာများ အဖြစ် နိုင်ငံတော်အစိုးရမှ ခန့်အပ်ခဲ့ပါတယ်။ ထို့ကြောင့် တိုင်းရင်းဆေး သိပ္ပံကို ၁၉၇၆ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်နေ့တွင် ဖွင့်လှစ်သင်ကြား ခဲ့ပြီးအပါတ်စဉ်(၃၀)အထိဖွင့်လှစ်ခဲ့ကာဒီပလိုမာလက်မှတ်ရတိုင်းရင်းဆေးပညာရှင်များ (၁၃၀၀)ဝန်းကျင်ခန့် မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ထို့ပြင် မန္တလေးမြို့၊ တိုင်းရင်းဆေးသိပ္ပံ၌ တိုင်းရင်းဆေးပညာ ဒီပလိုမာ သင်တန်းများအပြင် (၄)ဘာသာ (ဒ၊ဘ၊န၊ဝ) စာမေးပွဲတစ်ကြိမ် ကျင်းပ ပေးခြင်း၊ တိုင်းရင်းဆေးဆရာ (၁)နှစ်သင်တန်းကိုမန္တလေးမြို့တွင် အမှတ်စဉ်(၁)မှ (၅)ထိနှင့် ရန်ကုန်မြို့တွင် (၁)မှ (၃)ထိကျင်းပပေးခြင်းဖြင့် နိုင်ငံတော်ရဲ့ လိုအပ်ချက်ဖြစ်တဲ့ တိုင်းရင်းဆေးပညာရှင်များကို မွေးထုတ် ပေးခဲ့ကြောင်းသိရပါတယ်။ ယခုအခါတွင် ၂၀၀၁ ခုနှစ်မှစပြီး အနာဂတ် မြန်မာ့တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်ရေးနဲ့ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုမှာတာဝန်ယူဆောင်ရွက်ပေးမယ့် B.M.T.M ဘွဲ့ရမြန်မာ့ တိုင်းရင်းဆေးပညာရှင်များကို တိုင်းရင်းဆေးတက္ကသိုလ်က တာဝန်ယူ မွေးထုတ်ပေး လျက်ရှိပါတယ်။ ၂၀၁၁ ခုနှစ်ကစပြီးပေါင်းကူး (၂)နှစ် သင်တန်းနဲ့M.M.T.M မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့ သင်တန်းများ ဖွင့်လှစ်ခဲ့ပါတယ်။ ယနေ့အထိပုံမှန် B.M.T.M ဘွဲ့ရနဲ့ပေါင်းကူးB.M.T.M ဘွဲ့ရ(၁၅၀၅)ဦးနဲ့ M.M.T.M မဟာဘွဲ့ရ(၅၁) ဦးမွေးထုတ်ခဲ့ကြောင်း သိရပါတယ်။