အခမ်းအနားတွင် တိုင်းရင်းဆေးပညာညာဦးစီးဌာန ကုသရေးဌာနမှ ညွှန်ကြားရေးမှူးက အဖွင့်အမှာစကားပြောကြားပြီး သင်ခန်းစာပို့ချသင်ကြားပေးမည့် သင်တန်းနည်းပြဆရာများနက နှုတ်ခွန်းဆက်စကား ပြောကြား ကာ သင်တန်းသား/သင်တန်းသူများမှ တစ်ဦးခြင်းမိတ်ဆက်စကားပြောကြားပြီးနောက် အမှတ်တရ စုပေါင်း ဓါတ်ပုံ ရိုက်ကြပါသည်။
အဆိုပါ အခမ်းအနားကို တိုင်းရင်းဆေးပညာဦးစီးဌာန ကုသရေးဌာနမှ ညွှန်ကြားရေးမှူး၊ မြန်မာနိူင်ငံတိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ ရန်ကုန်တိုင်းဒေသကြီးတိုင်းဦးစီးဌာနမှူး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်သူများနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၊ ဆေးရုံအုပ်ကြီး၊ ဒုတိယဆေးရုံအုပ်နှင့် ဆရာ/ဆရာမများ၊ အလုပ်သင်ဆရာများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြပါသည်။
အဆိုပါ သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် ရန်ကုန်တိုင်းရင်းဆေးရုံကြီးတို့မှ သင်တန်းသား/သင်တန်းသူ (၂၀)ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ (၁၄)ရက်ကြာပို့ချမည်ဖြစ်ကြောင်းသိရသည်။