the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး (၁၅) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

(၁၄) ကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တိုင်းရင်းတက္ကသိုလ်၊ မန္တလေး၏ (၁၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ယနေ့နံက် (၉) နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်နယ်မြေ၊ ဧကရာဇ်ခန်းမ၌ ကျင်းပရာ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး ပါမောက္ခချုပ် ပါမောက္ခဒေါက်တာသိန်းဇော်လင်း၊ ပါမောက္ခဌာနမှူးများ၊ ဒုတိယပါမောက္ခနှင့် ကထိကဌာနမှူးများ၊ မန္တလေးပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်မှ တာဝန်ရှိသူ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ သွေးအလှူရှင်များ တက်ရောက်ကြပါသည်။ အဆိုပါ သွေးလှူဒါန်းပွဲတွင် ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်းသွေးလှူဒါန်းကြရာ သွေးအိတ်ပေါင်း (၇၅) အိတ်လှူဒါန်းနိုင်ပြီး သွေးလှူဘဏ်မှ ဂုဏ်ပြုလက်မှတ် ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်