the republic of the union of myanmar

ministry of health

Department of Traditional Medicine

အများပြည်သူသို့ အသိပေးကြေညာချက်

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

အဆိုပါ (Public Feedback Programme- PFP) အစီအစဉ်သည် အစိုးရဌာန/ အဖွဲ့အစည်းများ၏ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်လာစေရေးနှင့် အဂတိ လိုက်စားမှုများ လျော့နည်းကျဆင်းစေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်နေသည့် ကိစ္စရပ်ဖြစ်သောကြောင့် Short Code နံပါတ် “1111”  မှတဆင့် SMS ဖြင့် ပေးပို့မေးမြန်းသော မေးခွန်းများကို ပြည်သူ များက ပြန်လည်ဖြေကြားပေးခြင်းဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန၏ ဝန်ဆောင်မှုလုပ်ငန်းများ၌ လိုအပ်ချက်နှင့် အားနည်းချက်များကို သိရှိပြုပြင်နိုင်မည်ဖြစ်ပါသည်။

သို့ပါ၍ ဝန်ဆောင်မှုရယူသူများအနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ် များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် ပြည်သူများက သက်သာသောနှုန်းထားဖြင့် SMS များ ပြန်လည်ဖြေကြားပေးနိုင်ရေး ဆက်သွယ်ရေးအော်ပရေတာများနှင့် ညှိနှိုင်းဆောင်ရွက် ထားပါကြောင်း အသိပေးတိုက်တွန်းနှိုးဆော်အပ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း