ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးရုံ/ဆေးခန်းများသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၆-၅-၂၀၁၆)ရက်နေ့မှ(၄-၆-၂၀၁၆) ရက်နေ့ အထိ စစ်တွေ-ကျောက်တော်-မင်းပြား- မောင်းတော-ပုဏ္ဏားကျွန်း- ရမ်းဗြဲ- မြို့နယ်များ နှင့် တဘက်လှမ်း-ဝေသာလီ- ကျေးရွာများတွင် လူဦးရေစုစုပေါင်း (၁၆၈၇)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ရှမ်းပြည်နယ်၊ ခုတင်(၅၀)ဆံ့ အေးသာယာ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၈-၅-၂၀၁၆)ရက်နေ့မှ (၁-၇-၂၀၁၆) ရက်နေ့အထိ တောင်ကြီး- အေးသာယာ- ရပ်စောက်- လွိုင်လင်- ပင်လုံ- လဲချား- နမ့်ဆန်- မြို့နယ်များ၊ ထီးခံ- ဝမ်ပုံ- ပုံတိုက်- ကျေးရွာများနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့တွင် သွေးတိုးရောဂါအကြောင်း၊ အထွေထွေရောဂါများ ကုသခြင်း၊ အနာပေါက်ရောဂါများကုသခြင်း၊ အကြောင်းတို့ကို စုစုပေါင်း လူဦးရေ(၄၄၃)ဦး တို့အား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် (၁-၅-၂၀၁၆)ရက်နေ့မှ(၂၉-၆-၂၀၁၆) ရက်နေ့ အထိ ပုသိမ်- သာပေါင်း- ကံကြီးတောင်- ကျောင်းကုန်း- ငပုတော- ရေကြည်- ဟင်္သာတ-ကြံခင်း- အင်္ဂပူ- လေးမျက်နှာ- ဇလွန်- မြောင်းမြ- ဝါးခယ်မ- အိမ်မဲ- ဇလွန်- မြောင်းမြ- အိမ်မဲ- မော်လမြိုင်ကျွန်း- လပွတ္တာ- အမူပင်- ဓနုဖြူ- ပန်းတနော်- ညောင်တုန်း- ဖျာပုံ- ဘိုကလေး- ဒေးသရဲ- မြို့နယ်များ.....
တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂-၅-၂၀၁၆)ရက်နေ့မှ (၁၄-၇-၂၀၁၆) ရက်နေ့အထိ ထားဝယ်- ရေဖြူ- လောင်းလုံ- သရက်ချောင်း- မြို့နယ်များ နှင့် ပုဂေါဇွန်း- မဲမော- တီတွတ်ပြင်- သပြေဇွန်း- ပိန်းတော- အင်းဇောက်- ပန်းတလဲ- ပုလဲကူ- အင်ဂမော်- အလယ်ကျွန်း- ကျေးရွာများတွင် သွေးတိုးရောဂါအကြောင်း ဟောပြောခြင်း၊ ကြပ်ထုပ်ထိုး အကြောပြင်ပေးခြင်း- ဥတုအလိုက် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေး ဟောပြောခြင်း- မိုးရာသီနှင့် တုပ်ကွေးရောဂါအကြောင်း ဟောပြောခြင်းများအကြောင်းကို လူဦးရေ စုစုပေါင်း (၆၃၈)ဦးတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။