တနင်္သာရီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂-၅-၂၀၁၆)ရက်နေ့မှ (၁၄-၇-၂၀၁၆) ရက်နေ့အထိ ထားဝယ်- ရေဖြူ- လောင်းလုံ- သရက်ချောင်း- မြို့နယ်များ နှင့် ပုဂေါဇွန်း- မဲမော- တီတွတ်ပြင်- သပြေဇွန်း- ပိန်းတော- အင်းဇောက်- ပန်းတလဲ- ပုလဲကူ- အင်ဂမော်- အလယ်ကျွန်း- ကျေးရွာများတွင် သွေးတိုးရောဂါအကြောင်း ဟောပြောခြင်း၊ ကြပ်ထုပ်ထိုး အကြောပြင်ပေးခြင်း- ဥတုအလိုက် ဆောင်ရန်/ရှောင်ရန်များ အသိပညာပေး ဟောပြောခြင်း- မိုးရာသီနှင့် တုပ်ကွေးရောဂါအကြောင်း ဟောပြောခြင်းများအကြောင်းကို လူဦးရေ စုစုပေါင်း (၆၃၈)ဦးတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသည် ရက် (၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၉-၅-၂၀၁၆) ရက်နေ့တွင် သွေးတိုးရောဂါအကြောင်းတို့ကို ဟောပြောဆွေးနွေးပို့ချ နိုင်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၃၀-၆-၂၀၁၆) ရက်နေ့ တွင် ဆီးချိုရောဂါအကြောင်း၊ (၇-၇-၂၀၁၆) ရက်နေ့တွင် အအေးမိနှာစေး-ချောင်းဆိုးရောဂါ အကြောင်း တို့ကို ဟောပြောဆွေးနွေးပို့ချ နိုင်ခဲ့ပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် (၂၅)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၁၄-၇-၂၀၁၆) ရက်နေ့ တွင် အခြေခံတိုင်းရင်းဆေးပညာပေးအကြောင်း တို့ကို လူဦးရေ စုစုပေါင်း (၆၃၈)ဦးတို့အား ဟောပြောဆွေးနွေးပို့ချ နိုင်ခဲ့ပါသည်။