ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် (၁-၅-၂၀၁၆)ရက်နေ့မှ(၂၉-၆-၂၀၁၆) ရက်နေ့ အထိ ပုသိမ်- သာပေါင်း- ကံကြီးတောင်- ကျောင်းကုန်း- ငပုတော- ရေကြည်- ဟင်္သာတ-ကြံခင်း- အင်္ဂပူ- လေးမျက်နှာ- ဇလွန်- မြောင်းမြ- ဝါးခယ်မ- အိမ်မဲ- ဇလွန်- မြောင်းမြ- အိမ်မဲ- မော်လမြိုင်ကျွန်း- လပွတ္တာ- အမူပင်- ဓနုဖြူ- ပန်းတနော်- ညောင်တုန်း- ဖျာပုံ- ဘိုကလေး- ဒေးသရဲ- မြို့နယ်များ နှင့် အရှေ့ကိုးသန်း- ကန်းနီ- ခေနမ်- သဲဖြူကုန်း- ကဲကြီးတောင်- ပိတောက်ပင်- လေးဆူ- အမှတ်(၁) မဟာဝိသုကာကျောင်း- ဖျံရေကျော်- အုန်းပင်စု- သဲဖြူ- ကွင်းသာ- ထောင်လဲ- ရေနံမြေ- ရေလဲကျွန်း- ကြီးစု- ရေတွင်းကုန်း- သပွတ်ချောင်း- ရွာသစ်ကုန်း- သော်က အစရှိသည့် ကျေးရွာစုစုပေါင်း (၁၃၀)တို့တွင် အခြေခံ တိုင်းရင်းဆေး ပညာပေးသင်တန်းပို့ချခြင်း၊ မီးဖိုချောင်သုံးဆေးပစ္စည်းများအကြောင်း၊ ရာသီဥတုအလိုက် ဖြစ်တတ်သော ရောဂါများနှင့် ဒေသပေါက်ဆေးဖက်ဝင်အပင်များ အကြောင်းကို စုစုပေါင်း လူဦးရေ(၄၁၇၅) ဦးတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် (၁၆)ခုတင်ဆံ့ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀) စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၉-၆-၂၀၁၆) ရက်နေ့ တွင် ဆီးချိုရောဂါနှင့် သွေးတိုးရောဂါအကြောင်းတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။