the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ရခိုင်ပြည်နယ်၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများ ကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E.

 ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းဆေးရုံ/ဆေးခန်းများသည် ရက်(၁၀၀)စီမံချက် အကောင်အထည် ဖော်ဆောင်ရွက်သည့်အနေဖြင့် (၂၆-၅-၂၀၁၆)ရက်နေ့မှ(၄-၆-၂၀၁၆) ရက်နေ့ အထိ စစ်တွေ-ကျောက်တော်-မင်းပြား- မောင်းတော-ပုဏ္ဏားကျွန်း- ရမ်းဗြဲ- မြို့နယ်များ နှင့် တဘက်လှမ်း-ဝေသာလီ- ကျေးရွာများတွင် လူဦးရေစုစုပေါင်း (၁၆၈၇)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကွင်းဆင်းဆေးကုသခြင်း၊ ကျန်းမာရေးပညာပေးခြင်းနှင့် ကျောင်း ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်