ရှမ်းပြည်နယ်၊ ခုတင်(၅၀)ဆံ့ အေးသာယာ တိုင်းရင်းဆေးရုံသည် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၈-၅-၂၀၁၆)ရက်နေ့မှ (၁-၇-၂၀၁၆) ရက်နေ့အထိ တောင်ကြီး- အေးသာယာ- ရပ်စောက်- လွိုင်လင်- ပင်လုံ- လဲချား- နမ့်ဆန်- မြို့နယ်များ၊ ထီးခံ- ဝမ်ပုံ- ပုံတိုက်- ကျေးရွာများနှင့် တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့တွင် သွေးတိုးရောဂါအကြောင်း၊ အထွေထွေရောဂါများ ကုသခြင်း၊ အနာပေါက်ရောဂါများကုသခြင်း၊ အကြောင်းတို့ကို စုစုပေါင်း လူဦးရေ(၄၄၃)ဦး တို့အား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
ရှမ်းပြည်နယ်၊ အေးသာယာ ခုတင်(၅၀)ဆံ့ တိုင်းရင်းဆေးရုံတွင် ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၂၄-၅-၂၀၁၆) ရက်နေ့တွင် သွေးတိုး ရောဂါအကြောင်း၊ (၂၃-၆-၂၀၁၆)ရက်နေ့တွင် သွေးချိုဆီးချိုရောဂါအကြောင်း၊ (၂၅-၇-၂၀၁၆) ရက်နေ့တွင် ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းတို့ကို ဟောပြောပို့ချနိုင်ခဲ့ပါသည်။
ရှမ်းပြည်နယ် တောင်ကြီး ဦးစီးဌာနမှူးရုံးတွင် ရုံးလုပ်ငန်း/ဘဏ္ဍာရေး ဆင့်ပွား သင်တန်း ကို (၂၅-၅-၂၀၁၆)ရက်နေ့တွင် ပြုလုပ်ပြီးစီးခဲ့ပါသည်။