၁၉-၅-၂၀၁၈ ရက်နေ့ (စနေနေ့) နံနက် (၉:၀၀) နာရီမှစတင်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးရုံ၊ မြို့နယ်တိုင်းရင်းဆေးကုဌာနများနှင့် ကျောက်ဆည်ခရိုင် တိုင်းရင်းဆေးဆရာ အသင်းတို့ပူးပေါင်းပြီးဆရာ/ ဆရာမ(၁၅)ဦးတို့သည် မြစ်သားမြို့နယ်၊ လွန်ကျော် ကျေးရွာအုပ်စုကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ အခမဲ့ ကွင်းဆင်း ဆေးဝါးကုသမှုများဆောင်ရွက်ရာ လူနာဦးရေစုစုပေါင်း (၁၃၆)ဦးတို့အား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
၂၂-၅-၂၀၁၈ ရက်နေ့တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင် တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ပင်လုံမြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်းပြီး ပင်လုံမြို့ အမှတ်(၂)ရပ်ကွက်သို့ ကွင်းဆင်း ဆေးကုသခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၅-၅-၂၀၁၆)ရက်နေ့မှ (၂၃-၇-၂၀၁၆) ရက် နေ့အထိ နေပြည်တော် ခုတင်(၁၀၀)ဆံ့ တိုင်းရင်းဆေးရုံ၊ -ပျဉ်းမနား- လယ်ဝေး- အေလာ-တပ်ကုန်း- မြို့နယ်များနှင့် သင်းဝင်တိုင်- ကြို့ပင်ဆိပ်- ကျည်တောင်ကန်- ညောင်ပင်သာ- ကင်မွန်းတန်း- စီတိုးအောင်- ရှားကျောင်း- ပဒေသာ- ဒိုဘီကုန်း- ရွေးစု- လယ်စပင်း- ဒေါင်းမင်း- သပြေကျောင်း- သူဌေးကုန်း- ရွှေအုန်းပင်- ရွာသစ် အစရှိသည့် ကျေးရွာများတွင် အထွေထွေရောဂါများ၊ တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းများအကြောင်း၊ ရာသီအလိုက် ဖြစ်တတ်သောရောဂါများအကြောင်း၊ လူဦးရေ စုစုပေါင်း(၁၂၉၉)ဦး တို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။
ကချင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင် အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၉-၅-၂၀၁၆)ရက်နေ့မှ (၁၅-၇-၂၀၁၆)ရက်နေ့အထိ မြစ်ကြီးနားတိုင်းရင်းဆေးရုံ၊ မိုးကောင်းတိုင်းရင်းဆေးရုံ၊ မြတောင်-ကြာအင်း-မန်ရွက်ကျေးရွာ (၃)ရွာတို့တွင် ဆီးချိုရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်းများကို လူဦးရေ စုစုပေါင်း(၄၉၄)ဦးတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။