the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာန ကချင်ပြည်နယ်၊ ရက်(၁၀၀)စီမံချက် အကောင်အထည်ဖော်ဆောင်ရွက်မှုများကွင်းဆင်းဆေးကုသခြင်း/ပညာပေးဟောပြောခြင်း/C.T.M.E.

 ကချင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာနသည် ရက်(၁၀၀)စီမံချက် အကောင် အထည်ဖော်ဆောင်ရွက်သည့် အနေဖြင့် (၁၉-၅-၂၀၁၆)ရက်နေ့မှ (၁၅-၇-၂၀၁၆)ရက်နေ့အထိ မြစ်ကြီးနားတိုင်းရင်းဆေးရုံ၊ မိုးကောင်းတိုင်းရင်းဆေးရုံ၊ မြတောင်-ကြာအင်း-မန်ရွက်ကျေးရွာ (၃)ရွာတို့တွင် ဆီးချိုရောဂါနှင့် ဝမ်းပျက်ဝမ်းလျောရောဂါအကြောင်းများကို လူဦးရေ စုစုပေါင်း(၄၉၄)ဦးတို့ကို ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

         

မြစ်ကြီးနားမြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၁၀-၅-၂၀၁၆)ရက်နေ့မှ (၁၂-၇-၂၀၁၆) ရက်နေ့အထိ ကြာပတီး-နောင်နန်း-ရွှေစက်-နန်းကျင်း- ကြက်ပေါင်ခြံ-တပ်ကုန်း ကျေးရွာတို့ တွင် လေငန်းထုံကျဉ်အကြောင်း၊ ခါးနာရောဂါအကြောင်း၊ အအေးမိနှာစေး ချောင်းဆိုးရောဂါ အကြောင်း၊ သွေးတိုးရောဂါ၊ တုပ်ကွေးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါနှင့် အရေပြားရောဂါအကြောင်းတို့ကို လူဦးရေ စုစုပေါင်း(၁၃၀၂)ဦးတို့အား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

 ဝိုင်းမော်မြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၁၃-၅-၂၀၁၆)ရက်နေ့မှ (၁၈-၇-၂၀၁၆) ရက်နေ့အထိ ခက်ချို-အောင်မြေ(၁)-မုန့်လွဲ ကျေးရွာတို့တွင် ခါးနာရောဂါအကြောင်း၊ အအေးမိ နှာစေးချောင်းဆိုးရောဂါအကြောင်း၊ တုပ်ကွေးရောဂါအကြောင်း၊ ဝမ်းပျက်ဝမ်းလျောရောဂါ နှင့် လေငန်းထုံကျဉ်အကြောင်းတို့ကို လူဦးရေစုစုပေါင်း(၁၉၈)ဦး တို့အား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

မိုးညှင်းမြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၅-၅-၂၀၁၆)ရက်နေ့မှ (၂၁-၇-၂၀၁၆) ရက်နေ့အထိ ရွာသစ်ကုန်း-ထန်းတပင်-ပင်ဟဲ-ပင့်သာ-ဘီလူးနှင့်အုန်းဆံဆိုင်း ကျေးရွာများတွင် ရာသီအလိုက် ဖြစ်တတ်သော ရောဂါများအကြောင်း၊ အပူဒဏ်အန္တရာယ် ကာကွယ်ရန်အတွက် နေထိုင်ရန်/လိုက်နာရန် နည်းလမ်းများအကြောင်း၊ မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များ အကြောင်းနှင့် သက်ရှည်ကျန်းမာရေးအတွက် ဆောင်ရန် /ရှောင်ရန် အကြောင်းများကို လူဦးရေစုစုပေါင်း(၄၂၇)ဦးအား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

မိုးကောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၁၄-၅-၂၀၁၆)ရက်နေ့မှ (၁၇-၇-၂၀၁၆) ရက်နေ့အထိ လွဲလော-မန်ပင်-မရမ်း-ကုန်းတမ်းကြီးနှင့်မြို့ဟောင်းကျေးရွာများတွင် ရာသီ အလိုက်ဖြစ်တတ်သော ရောဂါများအကြောင်း၊ အပူဒဏ်အန္တရာယ် ကာကွယ်ရန်အတွက် နေထိုင်ရန်/လိုက်နာရန် နည်းလမ်းများအကြောင်း၊ မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များ အကြောင်းနှင့် သက်ရှည်ကျန်းမာရေးအတွက် ဆောင်ရန် /ရှောင်ရန် အကြောင်းများကို လူဦးရေ စုစုပေါင်း(၄၂၆)ဦးအား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

ဟိုပင်မြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၈-၅-၂၀၁၆)ရက်နေ့မှ (၂၃-၇-၂၀၁၆) ရက်နေ့အထိ မြို့သစ်ကလေး-ဇွဲမာန်မူကြိုကျောင်း- နန်းရင်း-ရွာသစ်ကြီး/ရွာသစ်ကလေး- ဘုန်းကြီးစခန်းကျေးရွာများတွင် ကြပ်ထုပ်ရောဂါအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သော ရောဂါများအကြောင်း၊ အပူဒဏ်အန္တရာယ် ကာကွယ်ရန်အတွက် နေထိုင်ရန်၊ လိုက်နာရန် နည်းလမ်းများအကြောင်း၊ မီးဖိုချောင်သုံးဆေးဖက်ဝင်အပင်များအကြောင်းနှင့် သက်ရှည် ကျန်းမာရေးအတွက် ဆောင်ရန်/ရှောင်ရန်အကြောင်းများကို လူဦးရေစုစုပေါင်း(၄၄၄)ဦးအား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

ဖားကန့်မြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၉-၅-၂၀၁၆)ရက်နေ့မှ (၁၃-၇-၂၀၁၆) ရက်နေ့အထိ ရှရော်ခ-မျောက်ဖြူ-မော်မောင်း(မူလွန်)- မော်ဝမ်းကြီး(မူလွန်)-စွတ်ငိုင်ယမ် (မူလွန်) ကျေးရွာများတွင် အယ်နီညို-လာနီညာ သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အကြောင်းကို လူဦးရေစုစုပေါင်း(၄၈၉)ဦးအား ဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

       

ပူတာအိုမြို့နယ် တိုင်းရင်းဆေးကုဌာနသည် (၈-၅-၂၀၁၆)ရက်နေ့မှ (၁၅-၇-၂၀၁၆) ရက်နေ့အထိ လုံစွတ်-စစ်ရှောင်-ဇီးအွန်- မူလာရှီဒီး-ပူတောင်း-မာမူလဲ့- ပူတာအို အထက ကျေးရွာများတွင် အစာလည်းဆေး၊ ဆေးလည်းအစာအကြောင်း၊ ကျန်းမာသက်ရှည် နေရအောင် တိုင်းရင်းနည်းကိုဆောင်၊ ခါးနာရောဂါအကြောင်း၊ ဒေသထွက် ဆေးဖက်ဝင် အပင်များအကြောင်းနှင့် ခန်းတောက်မြစ် ဆေးဖက်ဝင်အပင်များအကြောင်းတို့ကို လူဦးရေ စုစုပေါင်း(၇၁၂) ဦးအားဟောပြောဆွေးနွေး ပို့ချခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ