၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ညနေပိုင်းတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက အစည်းအဝေးသို့ တက်ရောက်လာကြသည့် မဲခေါင်ဒေသတွင်းနိုင်ငံများမှ ရိုးရာတိုင်းရင်းဆေးပညာရှင် ကိုယ်စားလှယ်များနှင့် ဖိတ်ကြား ထားသော တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များ၊ နှီးနွယ်ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များနှင့် သုတေသီများအား ကရဝိတ်နန်းတော် ဟိုတယ်၌ ညနေစာဖြင့် တည်ခင်းဧည့်ခံခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော (၈)ကြိမ်မြောက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အစည်းအဝေးကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ နိုဗိုတယ်ဟိုတယ်၌ ကျင်းပခဲ့ပါသည်။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ကြီးမှူးပြုလုပ် သော ရှေးဟောင်းမြန်မာ့တိုင်းရင်းဆေးကျမ်းများဆိုင်ရာ စာပေပြိုင်ပွဲကို ဇန်နဝါရီလအတွင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါသဖြင့် မိမိတို့ ဒေသအတွင်းရှိ ပြိုင်ပွဲဝင်ရောက်လိုသည့် (တဆ) မှတ်ပုံတင်ရှိသူ တိုင်းရင်းဆေးဆရာများ လျှောက်ထားနိုင်ပြီး လျှောက်လွှာများအား (၃၁-၁၂-၂၀၁၇) ရက်နေ့ အရောက် တိုင်းရင်းဆေးပညာဦးစီးဌာန (ရုံးချုပ်) သို့ပေးပို့ပါရန် ပူးတွဲပါကြော်ငြာချက်နှင့်အတူ အကြောင်းကြား ပါသည်။
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးမှ ကျန်မာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ခွဲဝေချထားပေးသော ယာဉ်များထဲမှ Ambulance (လူနာတင်ယာဉ်)(၃)စီးတို့အား တိုင်းရင်းဆေးပညာဦးစီးဌာနသို့ ခွဲဝေချထားခဲ့ပါသည်။