the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင်ကျင်းပ၊ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)၏ ဒွါဒသမ အကြိမ် ဘွဲ့နှင်းသဘင် အခမ်းအနားကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် တိုင်းရင်းဆေး တက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းရင်းဆေးတက္ကသိုလ် မန္တလေး ပါမောက္ခချုပ် ဒေါက်တာသိမ်းကျော် နှင့် တက္ကသိုလ် စီမံ/ပညာအဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးနှင့် ညွှန်ကြားရေးမှူးများ၊ အထူး ဖိတ်ကြားထားသော တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ ဧည့်သည်တော်များ၊ ဆရာ/ ဆရာမများ ဘွဲ့ရမောင်မယ် များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။ 

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိမ်းကျော်က မြန်မာ့ တိုင်းရင်းဆေးပညာမဟာဘွဲ့ (MMTM) Master of Myanmar Traditional Medicine   တက်ရောက်ယူသူ ၁၄ ဦး နှင့် မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ BMTM Bachelor of Myanmar Traditional Medicine (၇၅)ဦး၊ အဝေးရောက်ယူသူ (၂)ဦး မြန်မာ့တိုင်းရင်းဆေးပညာ (ပေါင်းကူး)ဘွဲ့ (BMTM) တက်ရောက်ယူသူ ၁၄ ဦး၊ စုစုပေါင်း ၁၀၃ ဦးတို့ကို ဘွဲ့နှင်းပြီး ဘွဲ့နှင်း သဘင် မိန့်ခွန်းကို မြွက်ကြားခဲ့သည်။ 

တိုင်းရင်းဆေးတက္ကသိုလ်သည် ဒွါဒသမအကြိမ် ဘွဲ့နှင်းသဘင်အထိ မြန်မာ့တိုင်းရင်းဆေး ပညာမဟာဘွဲ့ရ ပညာရှင် စုစုပေါင်း ၅၁ ဦး နှင့် မြန်မာ့တိုင်းရင်းဆေးပညာ ဘွဲ့ရ ပညာရှင် စုစုပေါင်း ၁၅၀၅ ဦး မွေးထုတ်ပေးနိုင်ခဲ့သည်။ 

ထို့နောက် တိုင်းရင်းဆေးဆရာမှတ်ပုံတင်လက်မှတ် ပေးအပ်ပွဲနှင့် အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေးက မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့ရ ကျောင်းသား၊ ကျောင်းသူ ရ၇ ဦးအား တိုင်းရင်းဆေးဆရာ လက်မှတ်ကို ပေးအပ်ပြီး တိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်အတွက် ဆေးကျမ်းများ၊ ပေ ပုရပိုက်များနှင့် ရှေးဆရာကြီးများ၏ ရုပ်ထုပုံများ၊ ဆေးဖော်စပ်ရာတွင် အသုံးပြုပစ္စည်းကိရိယာများကို တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ ဥက္ကဋ္ဌက ပေးအပ်လှူဒါန်းခြင်းနှင့် အဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဦးက ဒုတိယနှစ် မဟာသင်တန်းသား၊ သင်တန်းသူ ရှစ်ဦးအတွက် ပညာသင် ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းကြရာ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိမ်းကျော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်းသိရသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ
ခြေဖနောင့်နာခြင်းအား တိုင်းရင်းဆေးပညာဖြင့် ကာကွယ်စောင့်ရှောက်ခြင်း
ဆောင်းဉတုအတွက်တိုင်းရင်းဆေးပညာအရ ကျန်းမာရေးစောင့်ရှောက်ခြင်း၂၀၂၄ ရေဒီယိုTALK
အဆီတိုးရောဂါအကြောင်းသိကောင်းစရာ