တိုင်းရင်းဆေးပညာမဂ္ဂဇင်းတွင် ပါ၀င်ရေးသားရန် စာမူများ ဖိတ်ခေါ်ခြင်း
Thu , Sep 07 2017 - 12 pmအထက်အကြောင်းအရာပါ ကိစ္စနှင့်ပတ်သက်၍ (၁၇)ကြိမ်မြောက် ြမန်မာ့တိုင်းရင်းဆေး သမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာရှင်များနှီးနှောဖလှယ်ပွဲကုိ ဂုဏ်ပြုကြိုဆိုသော အားြဖင့် ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာ စာပေဖွံ့ဖြိုးမှုကော်မတီက တိုင်းရင်းဆေးပညာမဂ္ဂဇင်းအမှတ်(၂၉)ကို ထုတ်ေ၀နိုင်ရန် စီစဥ်ဆောင်ရွက် လျက်ရှိပါသည်။
တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲအတွက် စာတမ်းများ ဖိတ်ခေါ်ခြင်း
Thu , Sep 07 2017 - 12 pmကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနက ကြီးမှူး၍ “သတ္တမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ” ကို တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေး၌ ၂၀၁၆ ခုနှစ် အတွင်း ကျင်းပပြုလုပ်ရန် စီစဥ်ဆောင်ရွက်လျက်ရှိပါသည်။ လူကြီးမင်းဌာနမှ တိုင်းရင်းဆေးပညာဆိုင်ရာ စာတမ်း များ တင်သွင်းဖတ်ကြားရန် အသိပေးဖိတ်ခေါ်အပ်ပါသည်။
တိုင်းရင်းဆေးပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ရေဘေးသင့် ပြည်သူများအား (၁-၈-၂၀၁၆)ရက်နေ့မှ (၁၁-၈-၂၀၁၆)ရက်နေ့အထိ မှန်ကင်းကျောင်းတိုက်တွင် အထူးဆေးခန်းဖွင့်လှစ်၍ တိုင်းရင်းဆေးဖြင့် စောင့်ရှောက်မှုပေးခြင်းနှင့် အထူးဆေးခန်း ဖွင့်လှစ် ပေးနေစဉ်အတွင်း (၇-၈-၂၀၁၆)ရက်နေ့တွင် မင်းဘူးမြို့ မှန်ကင်းကျောင်းတိုက်သို့ နိုင်ငံတော် သမ္မတကြီးမှ လာရောက်၍ ရေဘေးသင့်ပြည်သူများကိုအားပေး၍ လိုအပ်သောပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်း ပြုလုပ်ခဲ့ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ်(၄၇)ရှိ တိုင်းရင်းဆေးပညာဦးစီး ဌာနတွင် ယနေ့ နံနက်(၉)နာရီ၌ ကျင်းပသော "မြန်မာ့တိုင်းရင်းဆေးပညာ အတွေးအခေါ် အယူအဆနှင့် ကုထုံးဆိုင်ရာ အရည် အသွေးမြှင့်သင်တန်း" (၁/၂၀၁၆)သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရီရီမြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။