the republic of the union of myanmar

ministry of health

Department of Traditional Medicine

၂၀၁၈ခုနှစ် မတ်လ ၂၃ရက်နေ့တွင် အဋ္ဌမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ

၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် အဋ္ဌမအကြိမ် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲ (The 8th Traditional Medicine Research Congress) ကိုယနေ့ နံနက်     (၈:၀၀)နာရီတွင် တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးမြို့၌ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတို င်းဒေသကြီးအစိုးရအဖွဲ့ဝင် ပုဂ္ဂိုလ်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ အငြိမ်းစားပါမောက္ခချုပ်များ၊ ဒု-ပါမောက္ခချုပ်များ၊ ဒု-ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းရင်းဆေးကောင်စီဝင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့မှ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  နှီးနွယ်ဌာနမှ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ ကိုယ်စားလှယ်များ၊ တင်သွင်းသောစာတမ်းများ၏ စာတမ်းရှင်များနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက် အားပေးကြပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့်အဖွဲ့သည် ခင်းကျင်းထားသော ပိုစတာများအားလှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။ ယခုနှစ် အဋ္ဌမအကြိမ်မြောက် တိုင်းရင်းဆေးသုတေသနစာတမ်းဖတ်ပွဲတွင် စာတမ်း(၃၀)စောင်နှင့် ပိုစတာ (၅)ခုပါဝင်ပြသကြကြောင်းသိရပါသည်။ 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ