၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ (၄) ဦးနှင့် မူလတန်းကျောင်းသား /ကျောင်းသူ (၁၀)ဦးတို့သည် နေပြည်တော် ပရဆေးဥယျာဉ်အတွင်းရှိ တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်လေ့လာခဲ့ပါသည်။
ဖြူးမြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပ
Mon , Jul 16 2018 - 01 pm၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ဖြူးမြို့ တိုင်းရင်းဆေးရုံ၌ ကျင်းပခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဇူလှိုင်လ (၉)ရက်နေ့မှ(၁၁)ရက်နေ့အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူပေါင်းပြီး တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်ဝါဝါနှင့် ဆရာ/ ဆရာမ (၃)ဦး တို့သည် မြိတ်မြို့နယ် သားဖွားသင်တန်းကျောင်းရှိ သင်တန်းသူ (၄၈)ဦးတို့အား အခြေခံ တိုင်းရင်းဆေး ပညာပေး ရက်တိုသင်တန်း သင်ကြားပေးခဲ့ပါသည်။
၂၀၁၈ ခုနှစ် ဇွန် လ ၁၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ၁၆ ခုတင်ဆံ့ ပုသိမ်တိုင်းရင်းဆေးရုံ တွင် ဝန်ထမ်းများနှင့် ဆေးကုသမှုခံယူရန်အတွက်အကြောင်းပြု၍ ရောက်ရှိလာသော ရဟန်းရှင်လူ ပြည်သူများအား ပညာဗဟုသုတရရှိစေရန် ဖတ်ပြီးပြန်ထား အငှားစာအုပ်စင် ဖွင့်လှစ်ခဲ့....
၂၀၁၈ ခုနှစ် ဇွန် လ ၁ ရက်နေ့တွင် တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူးရုံး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ တွင် “ဖတ်ပြီးပြန်ထား အငှားစာအုပ်စင်” ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ စာအုပ်စင်အတွက် စာအုပ်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှူးရုံးမှ လှူဒါန်းသော စာအုပ် (၁၅၀)အုပ်အား ထားရှိပါသည်။