the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကရင်ပြည်နယ် ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ ဘာအံမြို့၊ CTME “ဆီချိုအနာရောဂါ” စာတမ်းနှင့် “ဆီးချိုသွေးချိုအနာရောဂါ”စာတမ်း

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

(၂၂.၆.၂၀၁၈)ရက် (သောကြာနေ့)တွင် ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊  ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ ဘားအံမြို့၊ အစည်းအဝေးခန်းမတွင် “ဆီချိုအနာရောဂါ” စာတမ်းနှင့် “ဆီးချို၊သွေးချိုအနာရောဂါ” စာတမ်း(၂)စောင်တို့အား တိုင်းရင်းဆေးပညာစဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် (CTME) အခမ်းအနားတွင် ဖတ်ကြား ဆွေးနွေးခဲ့ပါသည်။

အခမ်းအနားကိုသဘာပတိအဖြစ် ဆရာကြီးဦးအောင်ပွင့် (ပြင်ပဆေးဆရာ)က ဆောင်ရွက်ခဲ့ပါသည်။ “ဆီးချိုအနာရောဂါ” စာတမ်းကိုခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံ၊ဘားအံမြို့မှ ဒုတိယ တိုင်းရင်းဆေးမှူး ဆရာမ ဒေါ်နော်အေးအေးသင်းက ဖတ်ကြားပြီး “ဆီးချို၊သွေးချိုအနာရောဂါ” စာတမ်းကိုမြဝတီမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဆရာမ ဒေါ်အေးအေးအောင် ကဖတ်ကြားခဲ့ရာပြင်ပဆေးဆရာ (၃)ဦး၊ ပြည်နယ်ဦးစီးဌာနမှူး၊ ဒုတိယ ပြည်နယ်ဦးစီးဌာနမှူး၊ တိုင်းရင်းဆေးရုံအုပ်၊ ကော့ကရိတ်ခရိုင်တိုင်းရင်းဆေးမှူး၊ မြို့နယ်တိုင်းရင်းဆေးမှူးများနှင့် တိုင်းရင်းဆေးရုံမှဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ဖိတ်ကြား ထားသူများနှင့် တက်ရောက်လာသောဆရာ၊ ဆရာမများမှ မေးမြန်း ဆွေးနွေးမှုများနှင့် အကြံပြု သုံးသပ်ချက်များကို ပြန်လည်ဖြေကြားရှင်းလင်းခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း
အိမ်ရှင်မများအတွက် မီးဖိုချောင်မှဆေးစွမ်းကောင်းများ အကြောင်းသိကောင်းစရာ
မိုးဥတုချိန်ခါရောက်ရှိလာ တိုင်းရင်းဆေးဖြင့် ရောဂါကာကွယ် စောင့်ရှောက်ပါ
ဆေးဖက်အသုံးဝင်ရှားစောင်းလက်ပတ်ပင်