(၂၀၁၇ မှ ၂၀၁၈) ဘဏ္ဍာနှစ် အတွင်း၊ ပြည်ပမှ တင်သွင်းမည့် ပရဆေးကုန်ကြမ်းများ အတွက်ထောက်ခံချက်ထုတ်ပေးခြင်း (၃၀၅) စောင်
အထက်ပါအကြောင်းအရာကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ China Development Bank (CDK),Yunnan Branch အထောက်အပံ့ဖြင့် အောက်ဖော်ပြပါ ပညာသင် ဆုများသို့ အရည်အချင်းပြည့်မီသူ ဝန်ထမ်းများသည် သက်ဆိုင်ရာ Website နှင့် ဆက်သွယ်၍ ယှဉ်ပြိုင်လျှောက်ထားနိုင်ပါကြောင်း အကြောင်းကြားလာပါသဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာန လက်အောက်ရှိ ဌာနအသီးသီးမှ လျှောက်ထားလိုသူဝန်ထမ်းများသည် ညွှန်ကြားရေးမှူးချုပ်ရုံးခန်း၊ တိုင်းရင်းဆေးပညာဦးစီးဌာနသို့ မိတ္တူပေးပို့၍ သက်ဆိုင်ရာ Website(http://www.csc. edu.cn/laihua)သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါကြောင်း သိရှိနိုင်ပါရန် ပေးပို့အပ်ပါသည်။
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက် နေ့ နံနက် (၁၀:၀၀)တွင် ရုံးအမှတ်(၄၇)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် Yunnan Anry Chinese Medicine Technology ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Wang Zhen An ဦးဆောင်သော အဖွဲ့ဝင်(၄)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်+မြန်မာ နှစ်နိုင်ငံအကြား တရုတ်အပ်စိုက်ပညာနှင့် တိုင်းရင်းဆေး ပညာဆိုင်ရာဖလှယ်မှုများ ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မြဲစေရေးအတွက် ......
၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် အလင်းရောင် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာမ (၄) ဦးနှင့် မူလတန်းကျောင်းသား /ကျောင်းသူ (၁၀)ဦးတို့သည် နေပြည်တော် ပရဆေးဥယျာဉ်အတွင်းရှိ တိုင်းရင်းဆေးပညာပြတိုက်သို့ လာရောက်လေ့လာခဲ့ပါသည်။
ဖြူးမြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပ
Mon , Jul 16 2018 - 01 pm၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ဖြူးမြို့ တိုင်းရင်းဆေးရုံ၌ ကျင်းပခဲ့ပါသည်။