the republic of the union of myanmar

ministry of health

Department of Traditional Medicine

Yunnan Anry Chinese Medicine Technology ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Wang Zhen An ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်+မြန်မာ နှစ်နိုင်ငံအကြား တရုတ်အပ်စိုက်ပညာနှင့် တိုင်းရင်းဆေး ပညာဆိုင်ရာဖလှယ်မှုများ အတွက်တိုင်းရင်းဆေးပညာ ဦးစီးဌာနမှတာဝန်ရှိသူများနှင့် တွေ့ဆုံ

၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက် နေ့ နံနက် (၁၀:၀၀)တွင် ရုံးအမှတ်(၄၇)၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့အခြေစိုက် Yunnan Anry Chinese Medicine Technology ကုမ္ပဏီ၏ ဥက္ကဋ္ဌ Mr.Wang Zhen An ဦးဆောင်သော အဖွဲ့ဝင်(၄)ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်+မြန်မာ နှစ်နိုင်ငံအကြား တရုတ်အပ်စိုက်ပညာနှင့် တိုင်းရင်းဆေး ပညာဆိုင်ရာဖလှယ်မှုများ ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မြဲစေရေးအတွက် တိုင်းရင်းဆေးပညာ ဦးစီးဌာနမှ ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးကြပါသည်။ ထို့နောက် Application Software တစ်ခုအားမိတ်ဆက် ရှင်းလင်းပြသပေးခဲ့ပါသည်။ အဆိုပါ Software သည် တရုတ်အပ်စိုက်သကဲ့သို့ ခန္ဓာကိုယ်၏အကြောနေရာတွင်ကပ်ပြီး smart phone ထဲတွင် wechat application ထည့်သွင်းကာ ချိတ်ဆက်ပြီး ချိန်ဆကုသရသော ကုသနည်းမျိုးဖြစ်ပါသည်။ အဆိုပါကုသပုံနည်းစနစ်များအား သရုပ်ပြ၍ လက်တွေ့ ကုသခြင်းများကို ကုသခဲ့ပါသည်။  ဆက်လက်ပြီး တရုတ်နှင့်မြန်မာချစ်ကြည်ရေးလက်ဆောင်များ လဲလှယ်ကြပြီး ရုံးအမှတ် ၄၇ ၏ အရှေ့မျက်နှာစာတွင် အမှတ်တရ စုပေါင်းဓာတ်ပုံများ ရိုက်ကူးကြပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

လက်ပံပင်၏ ဆ ေးဖက်ဝင်အာနိသင်မ ာေး
အပျိုဖော်ဝင်စအမျိုးသမီးငယ်များတွင် ဖြစ်ပွားတတ်သော မီးယပ်ဝေဒနာအကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် ဆေးဖက်အသုံးဝင် မုန်ညင်းပင်အကြောင်း သိကောင်းစရာ
အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ