ဖြူးမြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံဖွင့်ပွဲအခမ်းအနား ကျင်းပ
၂၀၁၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံ ဖွင့်ပွဲအခမ်းအနားကို ဖြူးမြို့ တိုင်းရင်းဆေးရုံ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်ဇင်နှင့် တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းညွှန့်၊ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတရ ဦးမောင်မောင်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ဦးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးနှင့် တာဝန်ရှိသူတို့က တိုင်းရင်းဆေးရုံဖွင့်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။