ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
တိုင်းရင်းဆေးပညာဦးစီးဌာန
စာအမှတ် ၊ တဆပ/ဆေးဝါး-မှတ်/၂၀၁၈ ( ၃၅၀၀ )
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ သြဂုတ် လ ၁၇ ရက်
သို့
တိုင်းဒေသကြီးဦးစီးဌာနမှူး
တိုင်းရင်းဆေးပညာဦးစီးဌာန
ရန်ကုန်တိုင်းဒေသကြီး
အကြောင်းအရာ။တိုင်းရင်းဆေးဝါးမှတ်ပုံတင် (အသစ်/သက်တမ်းတိုး)၊ တိုင်းရင်းဆေးဝါးထုတ်လုပ် ခွင့်လိုင်စင် (သက်တမ်းတိုး) နှင့် အထွေထွေခွင့်ပြု (မှတ်ပုံတင်/လိုင်စင်)ကတ်ပြားများ ပေးပို့ခြင်း
၁။ အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ဗဟိုတိုင်းရင်းဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေး(၂/၂၀၁၈) ဆုံးဖြတ်ချက်အရ တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်/သက်တမ်းတိုး)၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင် (သက်တမ်းတိုး) နှင့် အထွေထွေခွင့်ပြု (မှတ်ပုံတင်/လိုင်စင်) ကတ်ပြားများအားသက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူးရုံးတွင် ထုတ်ပေးနိုင်ရန်အတွက် အောက် ဖော်ပြပါအတိုင်း လွှဲပြောင်းပေးပို့ပါသည် -
(က) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်) - (၃) စောင်
(ခ) တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) - ( ၁၅၅) စောင်
(ဂ) တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(တိုး) - (၂၂) စောင်
(ဃ) အထွေထွေခွင့်ပြု - (၄၂) စောင်
၂။ သက်ဆိုင်ရာ တိုင်းဒေသကြီးဦးစီးဌာနမှူးသည် သက်ဆိုင်ရာဆေးဝါးထုတ်လုပ်သည့် ပုဂ္ဂိုလ်သို့ ဆက်လက်အကြောင်းကြားဆောင်ရွက်ရန်နှင့် ပြီးစီးမှုအားပြန်လည်တင်ပြရန်အကြောင်းကြားပါသည်။
ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
(ဒေါက်တာမြင့်မြင့်သန်း၊ ညွှန်ကြားရေးမှူး(ဆေးဝါး/ဥယျာဉ်))
မိတ္တူကို-
ညွှန်ကြားရေးမှူးချုပ်(ရုံးခန်း)၊ တိုင်းရင်းဆေးပညာဦးစီးဌာန
ကြော်ငြာသင်ပုန်း
ရုံးလက်ခံ/ မျှောစာတွဲ