ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန၏ စီစဥ်ညွှန်ကြားမှုဖြင့် တောင်ပိုင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သန်းသန်းဆွေ ဦးဆောင်၍ (၅၊၄၊၂၀၂၃) ရက်နေ့တွင် သန်လျင်သဘာဝတရားရိပ်သာ၌ သန်လျင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဝါဝါလင်း၊ ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်အိအိဖြိုးနှင့် ဒလမြို့နယ်တိုင်းရင်းဆေးကုဌာနမှ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ညိုညိုသင်းတို့မှ တိုင်းရင်းဆေးဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခဲ့ကြရာတွင် ကုသခံလူနာစုစုပေါင်း လူနာ ကျား (၁၁)ဦး၊ မ (၂၉)ဦး စုစုပေါင်း (၄၀)ဦး အား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပြီး အများဆုံးကုသပေးခဲ့သော ရောဂါများမှာ လေငန်း၊ ဒူးနာ၊ ခါးနာ၊ ကျီးပေါင်း၊ သွေးတိုးနှင့် ဆီးချိုရောဂါများ ဖြစ်ပါကြောင်း သိရှိရသည်။
ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှုး ဒေါ်ခင်စန်းလှိူင်နှင့် မြို့နယ်တိုင်းရင်းဆေးကဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်မေနှင်း တို့ပါဝင်သောအဖွဲ့သည် ၄-၄-၂၀၂၃ ရက်နေ့တွင် ပုဂံတောင်ရွှေဂူတောရ စာသင်တိုက်သို့သွားရောက်၍ သီလရှင်ဆရာကြီး/ဆရာလေး (၂၇)ပါး အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာနမှ တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောပို့ချခြင်း
Wed , Apr 05 2023 - 06 amပဲခူးတိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးအောင်ညို ပါဝင်သောအဖွဲ့သည် ၄-၄-၂၀၂၃ ရက်နေ့တွင် ဇီးကုန်းမြို့ အားကစားခန်းမ၌ ကျင်းပနေသော နွေရာသီအခြေခံအားကစားသင်တန်းမှ "အားကစားပြုလုပ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ"အကြောင်းကို တိုင်းရင်းဆေးပညာဖြင့် ပညာပေးဟောပြောဆောင်ရွက်ရာတွင် သင်တန်းသူသင်တန်းသား(၇၀)ဦးခန့်အား ပို့ချခဲ့ပါကြောင်း သိရှိရပါသည်။
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၃-၄-၂၀၂၃ ရက်နေ့တွင် ဓမ္မာစရိယ၊ ပထမပြန် စာမေးပွဲဖြေဆိုကြသည့် သံဃာတော်များ၊ သီလရှင်များကို ကွင်းဆင်းဆေး ကုသခဲ့ကြ စုစုပေါင်းအပါး(၃၀)အား ဆေးကုသပေးခဲ့ပါကြောင်း သိရှိရပါသည်။
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းခရိုင် တိုင်းရင်းဆေးကုဌာနမှ ၁.၄.၂၀၂၃ ရက်နေ့ စနေနေ့ နေ့လယ် (၃)နာရီ မှ (၅)နာရီအထိ ကျောက်ပန်းတောင်းမြို့ရှိ အောင်မြေကျောင်းတိုက်၌ ရောဂါကြီး (၆)မျိုးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး အမျိုးသားလူနာ (၂၅)ဦး အမျိုးသမီးလူနာ (၁၄)ဦး စုစုပေါင်း(၃၉)ဦးတို့ အား အခမဲ့ကွင်းဆင်းဆေးကုသမှု့ဆောင်ရွက်ခဲ့ပါကြောင်းသိရှိရပါသည်။