တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၂-၅-၂၀၂၃ ရက်နေ့တွင် သရက်ချောင်းမြို့နယ် အိမ်ရှေ့ပြင်ကျေးရွာ၌ မိုးရာသီနှင့် အအေးမိခြင်း ခေါင်းစဥ်ဖြင့် ကျန်းမာရေးပညာပေး ဟောပြောခဲ့ရာစုစုပေါင်း လူဦးရေ(၄၅)ဦးအား ဟောပြောခဲ့ပြီး လူနာဦးရေ စုစုပေါင်း (၃၅) ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ဆေးကုသပေးခဲ့ကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၂၃-၅-၂၀၂၃ ရက်နေ့တွင် လောကမာန်အောင်သီလရှင်စာသင်တိုက်၌ သီလရှင် စုစုပေါင်း (၂၅)ဦး အား တိုင်းရင်းဆေးဖြင့် အခမဲ့ ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ပေးခဲ့ပါကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၂- ၅-၂၀၂၃ ရက်နေ့တွင် ကော့သောင်းခရိုင် ပုလုံးတုံတုံးကျေးရွာ၌ ကျား (၅) ဦး မ(၃၀)ဦး စုစုပေါင်း(၃၅)ဦးအား တိုင်းရင်းဆေးပညာဖြင့်အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်း သိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၈-၅- ၂၀၂၃ ရက်နေ့တွင် ကော့သောင်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျား (၁၂)ဦး၊ မ (၃၃) ဦး၊ စုစုပေါင်း (၄၅) ဦး အား ဆီးချိုရောဂါခေါင်းစဉ်ဖြင့် တိုင်းရင်းဆေးအသိပညာပေး ဟောပြောခြင်း ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်၀င်း၀င်းမြိုင် ဦးဆောင်သောအဖွဲ့သည် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ၌ ၂၁-၅-၂၀၂၃ ရက်နေ့တွင် တိုင်းရင်းဆေးပညာဖြင့်အခမဲ့ဆေးကုသမှု ဆောင်ရွက်ရာတွင် လူနာ ကျား(၃၀)ဦး၊ မ(၅၀) ဦး စုစုပေါင်း(၈၀)ဦး တို့အား ကျန်းမာရေးစောင့်ရှောက်မှုပြုခဲ့ပါကြောင်း သိရှိရသည်။