the republic of the union of myanmar

ministry of health

Department of Traditional Medicine

Activities

ပဲခူးတိုင်းဒေသကြီး ၊ ကြို့ပင်ကောက်မြို့( ၁၆ )ခုတင်ဆံတိုင်းရင်းဆေးရုံမှ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဆွေဇင်ဖြိုး၊ ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ဇင်ဇာလီထက် ၊အငယ်တန်းစာရေး ( ၃ )ဦးတို့ ပါဝင်သော အဖွဲ့သည် ၁၈-၅-၂၀၂၃ ရက်နေ့တွင် ရွှေကြို့မြေဘိုးဘွားရိပ်သာ၌ လူနာဦးရေ ကျား ( ၁၁ )ဦး ၊ မ ( ၁၃ )ဦး စုစုပေါင်း ( ၂၄ ) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသမှု ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

တနင်္သာရီတိုင်းဒေသကြီး (၁၆) ခုတင်ဆံ့ ထားဝယ်တိုင်းရင်းဆေးရုံမှ ၁၇-၅- ၂၀၂၃ ရက်နေ့တွင် ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပွင့်ဖြူဖြူသော် ဦးဆောင်သောအဖွဲ့သည် ထားဝယ်မြို့ဘိုးဘွားရိပ်သာ၌ အဘိုး(၄)ဦး .အဘွား(၁၀)ဦး စုစုပေါင်း(၁၄)ဦးအား တိုင်းရင်းဆေးဖြင့်အခမဲ့ကွင်းဆင်းဆေးကုသမှုပေးခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာ၀တီတိုင်းဒေသကြီး မြောင်းမြခရိုင် လပွတ္တာမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည်  (၁၃-၅-၂၀၂၃) ရက်နေ့တွင်ကျောက်ဖြူကျေးရွာ၌ လူနာကျား(၂၀)ဦး  မ(၂၅)ဦး စုစုပေါင်းလူနာ (၄၅) ဦး တို့အား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်ခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်း​ဆေးကုဌာနမှ  ဆရာ/ဆရာမများသည် ၁၀.၅.၂၀၂၃ ရက်​နေ့တွင် ဖျာပုံမြို့အမှတ်(၄)ရပ်ကွက်မင်း​ကျောင်းတရားရိပ်သာ၌ တိုင်းရင်းဆေးပညာဖြင့် ကွင်းဆင်း​ဆေးကုသမှု​ဆောင်ရွက်ခဲ့ရာတွင် လူနာကျား(၉)ဦး၊ မ(၃၁)ဦး စုစု​ပေါင်း(၄၀)ဦးတို့အား ကျန်းမာ​ရေး​စောင့်​​ရှောက်မှု​ပေးခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်သိန်းသိန်းဆွေ နှင့် ခရိုင်ဒုတိယတိုင်းရင်းဆေးမှူး ဒေါ်ပြည့်ပြည့်ဝင်း တို့သည် ၄.၄.၂၀၂၃ ရက်နေ့တွင် ပြည်မြို့ ခေတ္တရာ  ဘိုးဘွားရိပ်သာရှိ အဘိုး (၁၀) ဦးနှင့် အဘွား (၇) ဦးတို့အား ကွင်းဆင်းဆေးကုသပေးခြင်း ဆေးမြစ်စုံ လိမ်းဆေးများဖြင့်  တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ပါကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ