the republic of the union of myanmar

ministry of health

Department of Traditional Medicine

Activities

ပဲခူးတိုင်းဒေသကြီး၊ ဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဆရာ/ဆရာမများသည် ၁၈.၅.၂၀၂၃ ရက်နေ့ နံနက်၁၀နာရီ အချိန်တွင် ပဲခူးတိုင်းေဒသကြီး၊ ဖြူမြို့နယ်ပြန်ဆက်ရုံး၌ ဌာနပေါင်းစုံဖွဲ့စည်းထားသော youth club အဖွဲ့အား အခြေခံတိုင်းရင်းဆေးပညာ သဘောတရားများကို အသိပညာပေးဟောပြော ဆွေးနွေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဆက်လက်ဖတ်ရှုပါ

ကရင်ပြည်နယ် ခုတင်၅၀ဆံ့ဘားအံတိုင်းရင်းဆေးရုံမှ ၂၀.၅.၂၀၂၃ ရက်နေ့တွင် ဘားအံမြို့နယ်  လှဂုဏ်ရည်သီလရှင်စာသင်တိုက်၌ လူနာမ (၄၁)ဉီးအား တိုင်းရင်းဆေးပညာဖြင့်  အခမဲ့ ကွင်းဆင်းဆေးကုသခဲ့ ကြောင်း သိရှိရသည်၊။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ၂၀-၅-၂၀၂၃ ရက်နေ့တွင်  ဝါးခယ်မမြို့နယ် သော်ကရပ်ကွက်အတွင်း ကျား(၁၁)ဦး၊ မ(၃၈)ဦး စုစုပေါင်းလူနာ(၄၉) ဦးတို့အား တိုင်းရင်းဆေးပညာဖြင့် အခမဲ့ကွင်းဆင်းဆေးကုသခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ဧရာဝတီတိုင်း​ဒေသကြီး၊ ဖျာပုံခရိုင်တိုင်းရင်း​ဆေးကုဌာနမှ ၁၇.၅.၂၀၂၃ရက်​နေ့တွင် ဖျာပုံမြို့ အမှတ်(၁၈)ရပ်ကွက်၊ လိပ်ဥကုန်း​ကျောင်းတရားရိပ်သာ၌ ကွင်းဆင်း​ဆေးကုသမှု​ဆောင်ရွက်ခဲ့ရာ လူနာကျား(၁၈)ဦးမ(၂၉ )ဦးစုစု​ပေါင်း(၄၇)ဦးအား တိုင်းရင်းဆေးပညာဖြင့်ကျန်းမာ​ရေး​စောင့်​ရှောက်မှု​ပေးနိုင်ခဲ့ကြောင်းသိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံ‌တေးမြို့နယ်တိုင်းရင်းဆေးကုဌာနမှ တွဲဖက်၊ တာဝန်ခံ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေဇင်စိုး ဦးဆောင်သော ကွင်းဆင်းအဖွဲ့သည် ၁၉.၅.၂၀၂၃ ရက်နေ့တွင်  ရတနာသီရိစာသင်တိုက်၌ သီလရှင်ဆရာလေးများနှင့် ဒကာ၊ဒကာမ  (၃၀)ဦးအား ရာသီတုပ်ကွေးနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန်များအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ ကိုဗစ်-၁၉နှင့်ပတ်သက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ လက်ကမ်းစာစောင်များဝေခြင်းတို့ ပေးဝေခဲ့ပြီး သီလရှင်ဆရာလေးများနှင့် ဒကာ၊ဒကာမများ  စုစုပေါင်း(လူကြီး) ကျား=(၁)ဦး ၊လူကြီး မ=(၂၄)ဦး၊ ပေါင်း=(၂၅)ဦး တို့အား တိုင်းရင်းဆေးဝါးများအခမဲ့ပေးဝေကာ ကွင်းဆင်းဆေးကုသခဲ့ပါကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးစွမ်းများမြောင်အကြောပေါင်းတစ်ထောင်
အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်