the republic of the union of myanmar

ministry of health

Department of Traditional Medicine

Activities

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဗိုလ်တထောင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲကိုကြိုဆိုသောအားဖြင့် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးချမ်းမိုး ဦးဆောင်သောအဖွဲ့သည် ပြန်ဆက်ဦးစီးဌာနနှင့် ပူးပေါင်း၍ (၄.၅.၂၀၂၃)ရက်နေ့၊ တနင်္လာနေ့ နံနက်(၉:၀၀)နာရီတွင် ဗိုလ်မြတ်ထွန်းလမ်းရှိ အထက(၃)၊ ဗိုလ်တထောင်ကျောင်း၌ ”မြန်မာနိုင်ငံယဉ်ကျေးမှုနှင့် အမွေအနှစ်များ၏ အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်သော တိုင်းရင်းဆေးပညာရပ်ကို အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပြီး လူ့အဖွဲ့အစည်း၏ ပြောင်းလဲနေသောလိုအပ်ချက်များနှင့် လိုက်လျောညီထွေဖြစ်အောင်ဆောင်ရွက်ပေးနိုင်ရန်” 

ဆက်လက်ဖတ်ရှုပါ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၂၂)ကြိမ်မြောက် တိုင်းရင်းဆေးသမားတော်များညီလာခံနှင့်တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုဂုဏ်ပြုသောအားဖြင့် (၄-၁၂-၂၀၂၃) ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူးဒေါ်စို‌ေပြဝင်းတို့ဦးဆောင်သောအဖွဲ့သည် မြစ်သားမြို့နယ်၊ 

ဆက်လက်ဖတ်ရှုပါ

ကချင်ပြည်နယ် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြစ်ကြီးနားမြို့ ခုတင်(၅၀)ဆံ့တိုင်းရင်းဆေးရုံမှ (၂၂) ကြိမ်မြောက်  မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုကွင်းဆင်းဆေး ကုသပေးခြင်းကို  ၃-၁၂-၂၀၂၃ ရက်နေ့တွင် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်၊ အင်ဂျန်ဒုံနှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်ခဲ့ပြီး ကျား-၁၄ဦး၊ မ-၃၈ ဦး စုစုပေါင်းလူနာ=၅၂ ဦးတို့ကို ဆေးကုသပေးခဲ့ပြီး ပြည်နယ်ဦးစီးဌာနမှူး ဦးစိုးနိုင်မှ "ကျန်းမာသက်ရှည်နေနိုင်ရေး သမုဌာန် (၄)ပါးလိုက်နာပေး" ခေါင်းစဉ်ဖြင့်လည်းကောင်း ခုတင် (၅၀)ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်မြဌေးမှ "ဆောင်းရာသီတွင် ဖြစ်တတ်သောရောဂါများ" ခေါင်းစဉ်ဖြင့်လည်းကောင်း ကျား- ၃၅ ဦး၊ မ- ၆၀ဦး ၊စုစုပေါင်း ၉၅ ဦးတို့အား ကျန်းမာရေးအသိပညာပေးဟောပြောပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုပါ

တိုင်းရင်းဆေးပညာဦးစီးဌာန (၂၂)ကြိမ်မြောက် မြန်မာ့တိုင်းရင်ဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခုတင်(၁၀၀)ဆံ့တိုင်းရင်းဆေးရုံကြီးမှ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့ နံနက်(၉:ဝဝ)နာရီမှ နေ့လယ် (၁:ဝဝ)နာရီအထိ  ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံ ဆေးရုံအုပ်ကြီး ဒေါ်မူမူချို ဦးဆောင်သည့် တိုင်းရင်းဆေးပညာရှင်ဆရာ၊ဆရာမ(၉)ဦး ပါဝင်သောအဖွဲ့သည် လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ၌ ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့်ကျန်းမာရေးစောင့်ရှောက်မှုပေး ကွင်းဆင်း ဆေးကုသခြင်း ဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်ဖတ်ရှုပါ

နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး၏ ဝတ်ရွတ်အဖွဲ့မှ ဝါတွင်း (၃)လ ကာလ အပတ်စဥ် မြတ်စွာဘုရားရှင်အား ဝတ်ရွတ်ပူဇော်ကန်တော့ခြင်း၊ ပဲခူးတိုင်း ဒေသကြီး အုတ်ဖိုမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာန ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ ၁၆ ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံမှ ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ တနင်္သာရီတိုင်း (၁၆)ခုတင်တိုင်းရင်းဆေးရုံ ဆီမီးထွန်းညှိပူ​ဇော်ခြင်းနှင့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် ကုသိုလ်ပြုကြပြီး ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ သီတင်းကျွတ်လပြည့်နေ့ အကြိုကုသိုလ်အဖြစ် ဆေးခန်းရှေ့မျက်နှာတွင် ကျောက်စရစ် ခင်းခြင်းနှင့် ၃၀-၁၀-၂၀၂၃ ရက်နေ့ တနဂ်နွေနေ့တွင် ပေါင်းတည်မြို့နယ်တွင် နှစ်စဥ် ကျင်းပသော ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ဘုန်းကြီးကျောင်းတိုက် ၁၄၃ ကျောင်းနှင့် ဘိုးဘွားရိပ်သာ ၁ ခု စုစုပေါင်း  ၁၄၄ ကျောင်းအား ပေါင်းတည်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဘုရားအလှူငွေနှင့် လှူဖွယ်ဝတ္တုများအား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုပါ

Pages

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် မိမိပတ်ဝန်းကျင်ရှိဆေးဖက်ဝင်အပင်ဖြစ်သော အစာလည်းဆေး၊ဆေးလည်းအစာ စောင်းလျားသီးအကြောင်း သိကောင်းစရာ
အစာလည်းဆေး ဆေးလည်းအစာ ၊ ခွေးတောက်ပင်အကြောင်းသိကောင်းစရာ
ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ