the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာနရှိ ဌာနခွဲအသီးသီးနှင့် တိုင်းရင်းဆေးရုံများသည် ၂၉-၁၀-၂၀၂၃ ရက်နေ့ သီတင်းကျွတ်လပြည့်ညတွင် မြတ်စွာဘုရားရှင်အား ဆီမီးထွန်းညှိ ပူဇော်ခြင်းများကုသိုလ်ယူဆောင်ရွက်

နေပြည်တော် ခုတင် ၁၀၀ ဆံ့ တိုင်းရင်းဆေးရုံကြီး၏ ဝတ်ရွတ်အဖွဲ့မှ ဝါတွင်း (၃)လ ကာလ အပတ်စဥ် မြတ်စွာဘုရားရှင်အား ဝတ်ရွတ်ပူဇော်ကန်တော့ခြင်း၊ ပဲခူးတိုင်း ဒေသကြီး အုတ်ဖိုမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ ဖြူးမြို့နယ် တိုင်းရင်း​ဆေးကုဌာနမှ ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ သနပ်ပင်မြို့နယ် တိုင်းရင်းဆေးကုဌာန ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ ၁၆ ခုတင်ဆံ့ ဖြူးတိုင်းရင်းဆေးရုံမှ ဆီမီးထွန်းညှိပူ​ဇော်ခြင်း၊ တနင်္သာရီတိုင်း (၁၆)ခုတင်တိုင်းရင်းဆေးရုံ ဆီမီးထွန်းညှိပူ​ဇော်ခြင်းနှင့် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတွင် ကုသိုလ်ပြုကြပြီး ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ သီတင်းကျွတ်လပြည့်နေ့ အကြိုကုသိုလ်အဖြစ် ဆေးခန်းရှေ့မျက်နှာတွင် ကျောက်စရစ် ခင်းခြင်းနှင့် ၃၀-၁၀-၂၀၂၃ ရက်နေ့ တနဂ်နွေနေ့တွင် ပေါင်းတည်မြို့နယ်တွင် နှစ်စဥ် ကျင်းပသော ဆွမ်းဆန်တော်လောင်းလှူပွဲ၌ ဘုန်းကြီးကျောင်းတိုက် ၁၄၃ ကျောင်းနှင့် ဘိုးဘွားရိပ်သာ ၁ ခု စုစုပေါင်း  ၁၄၄ ကျောင်းအား ပေါင်းတည်မြို့ ၁၆ ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဘုရားအလှူငွေနှင့် လှူဖွယ်ဝတ္တုများအား လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း