မိတ္ထီလာခရိုင်၊ ပျော်ဘွယ်မြို့နယ် တိုင်းရင်းဆေးကုဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနတို့ပုးပေါင်း၍ ၁၇.၁၀.၂၀၁၃ရက်နေ့တွင် မီးဖိုချောင်သုံးပစ္စည်းများဖြစ်သော ချင်း၊ နနွင်း မန်ကျည်းသီးတို့၏ ဆေးဖက်အသုံးဝင်ပုံခေါင်းစဥ်ဖြင့် ပြည်သူသို့ အသိပေးခြင်း talk show အစီအစဥ်ကို ရိုက်ကူးထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
တိုင်းရင်းဆေးတက္ကသိုလ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၇-၉-၂၀၂၃ ရက်နေ့၊ နံနက် ၁၀ နာရီမှ ၁၂ နာရီထိ လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး၊ လူငယ်နှင့် ပြည်သူ့နီတိ၊ လူငယ်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များဖြင့် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ် သထုံခရိုင်၊သထုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှ Talk Show ဆောင်ရွက်ခြင်း
Tue , Sep 26 2023 - 07 pmမွန်ပြည်နယ် သထုံခရိုင်၊သထုံမြို့နယ်တိုင်းရင်းဆေးကုဌာနမှနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်စမ်းသီတာလှိုင်က သွေးတိုးရောဂါအကြောင်းနှင့် ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်အိသွယ်မိုးက ခါးနာရောဂါအကြောင်း Talk Show ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကော့သောင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ ဒုတိယတိုင်းရင်းဆေးမှူး ဦးမောင်မောင်မြင့်ဦးသည် ၁၈-၉-၂၀၂၃ ရက်နေ့တွင် ကော့သောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သောင်းခရိုင်ရုံး၌ တိုင်းရင်းဆေးပညာအကြောင်းသိကောင်းစရာ Talk Show အစီအစဥ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် တိုင်းရင်းဆေးကုဌာနမှ (၁၉.၉.၂၀၂၃)ရက်နေ့တွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်ဟေမာသန်းထွန်းနှင့် လ/ထတိုင်းရင်းဆေးမှူး ဒေါ်ရွှေယမင်းဦးတို့ ကွင်းဆင်းအဖွဲ့သည် (၅)ရပ်ကွက်၌ အခမဲ့ကွင်းဆင်းဆေးကုသမှူဆောင်ရွက်ရာတွင် ကျား(လူကြီး)၇ဦး၊ မ(လူကြီး)၂၀ဦးနှင့် ကျား(ကလေး)၁ဦး၊ မ(ကလေး)၂ဦး စုစုပေါင်း(၃၀)ဦးရှိပြီး သိမှတ်ဖွယ်ရာ တိုင်းရင်းဆေးပင် များနှင့် အခြေခံတိုင်းရင်းပညာအကြောင်းများကိုဟောပြောခဲ့ကြောင်း သိရသည်။