the republic of the union of myanmar

ministry of health

Department of Traditional Medicine

ပြည်ထောင်စုဝန်ကြီးသည် အရည်အသွေးပြည့်ဝသော တိုင်းရင်းဆေးဝါးများ ထုတ်လုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဂျပန်နိုင်ငံ၊ University of Toyama မှ Katsuhiro Konno နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် တိုင်းရင်းဆေးဝါးများထုတ်လုပ်မှုနှင့် အရည်အသွေးထိန်းသိမ်းမှု တိုးတက်စေခြင်းဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အားဖြည့်ဆောင်ရွက်ခြင်း စီမံချက် (Project for strengthening primary health care by improving manufacturing and quality control of traditional medicine in Myanmar)) နှင့်ပတ်သက်၍ Japan International Cooperation Agency (JICA) အစီအစဉ်ဖြင့် လာရောက်သည့်ဂျပန်နိုင်ငံ Institute of Natural Medicine, University of Toyama မွ Dr. Katsuhiro KONNO၊ Imamura Pharma Consulting Corporation မွ President Mr. Masashi IMAMURA နှင့် Watanabe Pharmaceutical Industrial Co., Ltd. မှ Managing Director Mr. Koichi WATANABE တို့အား လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် Dr. Katsuhiro Konno  နှင့်အဖွဲ့က -

  • တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် ဂျပန်နိုင်ငံ တိုးယာမတက္ကသိုလ် တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် (Project for strengthening primary health care by improving manufacturing and quality control of traditional medicine in Myanmar) တွင် ပါဝင်သော လုပ်ငန်းများအတွက်
  • တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်
  • အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်
  • တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)
  • တိုင်းရင်းဆေးဝါးစက်ရုံ(မန္တလေး) တို့သို့ သွားရောက် လေ့လာမည်ဖြစ်ပါကြောင်း၊
  • အဆိုပါ စီမံချက်တွင် -
  • တိုင်းရင်းဆေးဝါးများကို Good Manufacturing Practice (GMP)  နှင့် ကိုက်ညီပြီး အရည်အသွေးပြည့်ဝသော စနစ်ဖြင့် ထုတ်လုပ်နိုင်ရန်
  • ထိုသို့ ထုတ်လုပ်နိုင်ရန်အတွက် လိုအပ်သည့် ကျွမ်းကျင်ပညာရှင်များ (experts) ကို မွေးထုတ်သွားရန် တို့ ပါဝင်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက-

  • တိုင်းရင်းဆေးပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ အရည်အသွေး ပြည့်ဝပြီး ဘေးအန္တရာယ်ကင်းရှင်းကြောင်း သုတေသနပြုလုပ်ထားသည့် တိုင်းရင်း ဆေးဝါးများ ထုတ်လုပ်နိုင်ရေးမှာ အရေးကြီးသည့် ကိစ္စရပ်ဖြစ်ကြောင်း၊
  • တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများနှင့် ပတ်သက်သော သုတေသနများကို ဂျပန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်း၊
  • တိုင်းရင်းဆေးဝါးစက်ရုံ(ရန်ကုန်)သို့ လည်း သွားရောက်လေ့လာစေလိုကြောင်း၊
  • ထိုသို့ လေ့လာပြီးနောက် လေ့လာတွေ့ရှိချက်များအပေါ်မူတည်၍ တိုင်းရင်းဆေးပညာသင်ကြားလေ့ကျင့်မှု၊ ဆေးဝါးထုတ်လုပ်မှုတို့နှင့်ပတ်သက်၍ ပိုမိုတိုးတက်ကောင်းမွန်စေရန် လက်တွေ့ကျသည့် အကြံပြုချက်များကိုလည်း ပေးအပ်စေလိုကြောင်း ပြောကြားခဲ့ပါသည်။
  • ထိုသို့ တွေ့ဆုံရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးကျော်သိန်းဌေး၊ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇော်လင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာမြင့်မြင့်သန်းတို့နှင့် တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ