the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၁၄) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကျင်းပရေးဦးစီးကော်မတီအစည်းအဝေးသဘာပတိ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်ပြောကြားသည့် မိန့်ခွန်း

တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ပါမောက္ခဒေါက်တာဖေသက်ခင် ၏ အဖွင့်မိန့်ခွန်း

၂၈-၁၂-၂၀၁၃

         

ဒီကနေ့ကျင်းပတဲ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာ ကြပါသော ပညာရှင်များအားလုံးကို၊ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာကြပါစေကြောင်း ဆုတောင်း မေတ္တာပို့သလျက် နှုတ်ခွန်းဆက်သ အပ်ပါတယ်။

        

မနေ့က ကျင်းပတဲ့ တိုင်းရင်းဆေးသမားတော်များညီလာခံဟာ နှစ်စဥ် ကျင်းပတာဖြစ်ပြီး၊ ဒီနေ့ ကျင်းပတဲ့ တိုင်းရင်းဆေးပညာရှင်များ နှီးနှော ဖလှယ်ပွဲကတော့ နှစ်စဥ်ကျင်းပတာမျိုး မဟုတ်ဘဲ၊ ခေတ်ကာလ အချိန်အခါ အ‌ြေခအနေအရ လိုအပ်လာတဲ့အခါမှာ ကျင်းပရတာ ဖြစ်ပါတယ်။ “ပညာရှင်များနှီးနှောဖလှယ်ပွဲ” ဆိုတဲ့အတိုင်း၊ တိုင်းရင်းဆေးပညာရှင်များနဲ့ တိုင်းရင်းဆေးနှီးနွှယ်ပညာရှင်များ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာကိစ္စများကို နှီးနှော ဖလှယ် နိုင်ကြစေဖို့ ဖြစ်ပါတယ်။ “ပညာရပ်ဆိုင်ရာ” ကိစ္စဆိုတဲ့အတွက် အဓိကကတော့ “ပညာသင်ကြား ရေး” ကိစ္စများကို ဆွေးနွေးကြရမှာဖြစ်ပါတယ်။

         

မြန်မာ့တိုင်းရင်းဆေးြဖစ်တည်ပေါ်ပေါက်လာခဲ့တာ နှစ်ပေါင်းထောင်ချီ ကြာခဲ့ပြီလို့ ဆိုကြပါတယ်။ အနောက်တိုင်းဆေးပညာ မပေါ်ပေါက်ခင်က တည်းက တိုင်းရင်းဆေးပညာ ဆိုတာရှိခဲ့ပြီး တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းမှာ တိုင်းရင်းဆေးပညာဆိုတာတွေ ရှိခဲ့ကြတာဖြစ် ပါတယ်။ အဲသလိုပဲ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ မြန်မာတိုင်းရင်းသား လူမျိုးစုံတို့ဟာ ကိုယ့်ဘိုးဘေးဘီဘင်တို့ရဲ. ရိုးရာတိုင်းရင်းဆေးနဲ့ စောင့်ရှောက်နိုင်ခဲ့ကြလို့ ဒီကနေ့ကျနော်တို့ မြန်မာလူမျိုးဆက်ခေတ်အထိ ရပ်တည်ထွန်းကား လာနိုင်တာဖြစ်ပါတယ်။ အားလုံး သိကြတဲ့ အတိုင်း မြန်မာ့တိုင်းရင်းဆေးဟာ ဘိုးဘေးတို့လက်ထက်မှာ စတင်၊ နောက် --- ထွန်းကား ဖွံ့ဖြိုး၊ အဲဒီနောက် အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ မှေးမှိန်၊ ဒီဘက်ခေတ်မှာ ပြန်ထွန်းကားလာနေတာ ဖြစ်ပါတယ်။ ဒီနေရာမှာ မြန်မာ့ တိုင်းရင်းဆေးသမိုင်း အနေနဲ့ စတင်၊ ဖြစ်ပေါ်၊ တိုးတက်ခဲ့တယ် ဆိုတာ၊ ဒီဘက် ဆယ်စုနှစ် (၁)စု၊ (၂)စု မတိုင်ခင်အထိ မြန်မာ့တိုင်းရင်းဆေးစစ်စစ် အ‌ြေခခံ ခိုင်ခိုင်မာမာ၊ အရိုးကိုအရွက်မဖုံးဘဲ တိုးတက်ခဲ့တာဖြစ်ပါတယ်။ အဲသလို ဆိုလိုက်တော့ စောစောကပြောတဲ့ ဒီဘက်ခေတ်ဆယ်စုနှစ် (၁)စု၊ (၂)စုမှာတော့ အရိုးကို အရွက်ဖုံးသွားပြီး မြန်မာ့တိုင်းရင်းဆေးရဲ. အ‌ြေခခံ ခိုင်မာတဲ့၊ နယကြီး လေးပါးကနေ လမ်းကြောင်းတွေ ချဲ.ထွင်လာနေပြီလားဆိုတဲ့ သဘောကို၊ ဆိုလိုတဲ့ သဘောလို ဖြစ်နေပါတယ်။

        

ကျနော်တို့ မျိုးဆက် လက်လှမ်းမှီသလောက် မြန်မာ့တိုင်းရင်းဆေးဖွံ့ဖြိုးမှုကို ဆန်းစစ် ကြည့်မယ်ဆိုရင် -

o ၁၉၇၆ ခုနှစ် မတိုင်မီ (၃)ဘာသာ (ဘေသဇ္ဇ၊ ဒေသနာ၊ နက္ခတ္တ နယများ) စာမေးပွဲ‌ြေဖဆိုအောင်မြင်တဲ့ ဆေးဆရာများ၊

o ၁၉၇၆ ခုနှစ် မှာ တိုင်းရင်းဆေးသိပ္ပံဖွင့်၊

o ၁၉၈၉ ခုနှစ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အဆင့် (၂)ဖွင့်၊

o ၁၉၉၆ ခုနှစ်၊ တိုင်းရင်းဆေးဝါးဥပဒေ ပြဌာန်း

o ၁၉၉၈ ခုနှစ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ အဆင့် (၁)ဖွင့်

o ၂၀၀၀ ပြည့်နှစ်၊ တိုင်းရင်းဆေးကောင်စီ ဥပဒေ ပြဌာန်း

o ၂၀၀၁ ခုနှစ်၊ တိုင်းရင်းဆေးတက္ကသိုလ် ဖွင့်

o ၂၀၀၂ ခုနှစ်၊ တိုင်းရင်းဆေးဆရာအသင်းဖွဲ့နိုင်

o ၂၀၀၃ အနောက်တိုင်းဆေးတက္ကသိုလ်တွေမှာ “တိုင်းရင်းဆေးပညာ အခြေခံသဘော တရား” ကို သင်ရိုးအဖြစ် သင်ကြားနိုင်ခဲ့၊

o ၂၀၀၆ - ၂၀၀၈ အမျိုးသားပရဆေးဥယျာဥ်ကြီး တည်ထောင်နိုင်ခဲ့၊ ဖွင့်လှစ်နိုင်ခဲ့၊

o ၂၀၀၇ - တိုင်းရင်းဆေးသေတ္တာတွေ စဖြန့်နိုင်ခဲ့၊ အခုလည်း ဖြန့်နေတုန်းပဲ၊

o ၂၀၁၃ - မှာ Myanmar Herbal Pharmacopoeia, Vol(1) စပြီး ထုတ်နိုင်ခဲ့၊

         

ဒါတွေဟာ ဒီဘက်ခေတ် ဆယ်စုနှစ်များအတွင်း၊ မြန်မာ့တိုင်းရင်းဆေး တိုးတက်ဖြစ်ထွန်းမှု မှတ်တိုင်တွေလို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ အဓိက ပြောချင်တာက အဲသလို (၃)ဘာသာ၊ တစ်နှစ်သင်တန်းတွေ၊ သိပ္ပံတွေ၊ တက္ကသိုလ်တွေက မွေးထုတ်လေ့ကျင့်လိုက်တဲ့၊ တိုင်းရင်းဆေး ဆိုင်ရာ ဥပဒေ တွေနဲ့ စနစ်တကျ ထိန်းသိမ်းပျိုးထောင်ထားတဲ့ တိုင်းရင်းဆေး ပညာရှင်တွေရဲ. အခန်းကဏ္ဍ၊ အတတ်ပညာ၊ အလေ့အကျင့်တွေနဲ့ ပြည်သူတွေ ကျန်းမာရေး စောင့်ရှောက်မှုကို ဘယ်လိုစောင့်ရှောက်နေကြသလဲ? ဘယ်လိုစောင့်ရှောက် ချင်ကြတာလဲ? စနစ်ကျမှု/ ထိရောက်မှုတွေက ဘယ်လိုရှိနေသလဲ --- ? ကျနော်တို့ ဆန်းစစ်ကြရတော့မှာ ဖြစ်ပါတယ်။

         

ဘာဖြစ်လို့လဲ ----- ? ဒီနေ့ခေတ်တိုင်းရင်းဆေးပညာတွေ ဖွံ့ဖြိုး တိုးတက်တယ်ဆိုတဲ့ နေရာမှာ ကျနော်တို့နိုင်ငံ၊ ကျနော်တို့လူမျိုးတင် မဟုတ်ဘူး၊ အာရှနိုင်ငံများအပြင် ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာလည်း တိုင်းရင်းဆေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေ ရှိနေကြတာပဲ၊ အဲဒီအခါမှာ ကိုယ့်လူမျိုး တိုင်းရင်းဆေး/ တိုင်းတစ်ပါးတိုင်းရင်းဆေး/ Alternative Medicine/ Complementary Medicine/ Oriental Medicine ---- အတိုချုပ် ပြောရရင် Western Medicine မဟုတ်တဲ့ဆေးပညာတွေ အများကြီး ရှိပါတယ်။ အခုခေတ်ကာလမှာ တိုင်းရင်းဆေး၊ Traditional Medicine/ Indigenous Medicine/ Complementary Medicine/ Alternative Medicine/ Massage/ Acupuncture/ Acupressure/ Health Supplement/ တိတိကျကျဘာသာပြန်ပြီး စနစ်တကျခွဲခြားဖို့တောင် ပညာရှင်တွေအကြားမှာ အခက်အခဲ ဖြစ်လာ နေကြပြီ ဖြစ်ပါတယ်။ အဲဒီပညာတွေ ကလည်း သက်ဆိုင်ရာလူမျိုး၊ ပညာရှင်တွေရဲ.အားထုတ်မှုနဲ. တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ပျံ.နှံ.လာကြပြီဖြစ်ပါတယ်။

         

အဲဒီတော့ ကျနော်တို့မြန်မာ့တိုင်းရင်းဆေးပညာရှင်တွေကို

- ဘယ်လိုမွေးထုတ်မလဲ?

- ဘယ်လိုလေ့ကျင့်ပျိုးထောင်ပေးမလဲ?

- ဘယ်လိုတိုင်းရင်းဆေးပညာနဲ့ ပြည်သူတွေကို စောင့်ရှောက်စေမလဲ?

- ဘယ်လိုတိုင်းရင်းဆေးပညာနဲ့ ပြည်သူတွေကို စောင့်ရှောက်ချင် ကြသလဲ?

- “လဲ” ပေါင်းများစွာ “လား” ပေါင်းများတွေကို ဒီကနေ့ တက်ရောက် လာကြတဲ့ ပညာရှင်များ နှီးနှောဖလှယ်ကြပြီး မြန်မာပြည်သူတွေရဲ. ကျန်းမာရေးကို ထိရောက်အောင် စောင့်ရှောက်ပေးနိုင်မယ့် -

- တိုင်းရင်းဆေးပညာ သင်ကြားရေးစနစ်

- လိုအပ်လျှင် တိုင်းရင်းဆေးဆိုင်ရာ ဥပဒေများကို ပြင်ဆင်ဖြည့်စွက် နိုင်မယ့် အချက်အလက်များ၊ ရှာဖွေတွေ့ရှိနိုင်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။ ကျေးဇူးတင်ပါတယ်

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ