the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၅) ​တိုင်းရင်းဆေးပညာရှင်များမွေးထုတ်လေ့ကျင့်ပေးခြင်း

 

၁၉၇၆ ခုနှစ်တွင်၊ တိုင်းရင်းဆေးသိပ္ပံကျောင်းကို မန္တလေးမြို့တွင် တည်ထောင်ခဲ့၍ တိုင်းရင်းဆေးပညာဒီပလိုမာလက်မှတ်ရ ပညာရှင်များကို မွေးထုတ်လေ့ကျင့် ပေးခဲ့ပါသည်။ ၁၉၇၆ မှ ၂၀၀၉ ခုနှစ်ထိ၊ တိုင်းရင်းဆေးပညာ ဒီပလိုမာလက်မှတ်ရ၊ ပညာရှင် ၂၁၈၇ ဦး မွေးထုတ်နိုင်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတွင်လည်းကောင်း၊ ပြင်ပပုဂ္ဂလိက တိုင်းရင်း ဆေးခန်းများတွင်လည်းကောင်း၊ တာဝန်ထမ်းဆောင်လျက်ရှိကြပါသည်။ ၂၀၀၁ ခုနှစ်တွင် တိုင်းရင်းဆေးတက္ကသိုလ်ကို ဖွင့်လှစ်နိုင်ခဲ့ပြီး၊ တိုင်းရင်းဆေးပညာ ဘွဲ့ရပညာရှင်များ မွေးထုတ် လေ့ကျင့်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ်မှစ၍ တိုင်းရင်းဆေးပညာ မဟာဘွဲ့သင်တန်းကို အရည်အသွေးအာမခံသော ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်နှင့် အထောက်အထားအခြေပြု တိုင်းရင်း ဆေးပညာ နည်းစနစ်ကိုဖော်ဆောင်နိုင်သော အရည်အချင်းမြှင့် တိုင်းရင်းဆေးပညာရှင်များ မွေးထုတ်ရန် ရည်ရွယ်ကာဖွင့်လှစ်ခဲ့သည်။

ယနေ့အချိန်ထိ တိုင်းရင်းဆေးကောင်စီဥပဒေ(၂၀၁၆ ခုနှစ်၊ ဧပြီလ) အရ အသိအမှတ်ပြု တိုင်းရင်းဆေးဆရာမှတ်ပုံတင် (တဆ) ရှိသော တိုင်းရင်းဆေးဆရာ စုစုပေါင်း ရဝ၄၅ ဦး ရှိပြီး၊ အစိုးရဌာန များနှင့် ပြင်ပတွင်တိုင်းရင်း ဆေးဖြင့် ပြည်သူလူထု ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါသည်။

 

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ