the republic of the union of myanmar

ministry of health

Department of Traditional Medicine

ဒေါက်တာမြင့်ထွေးမိန့်ခွန်း

ပြည်ထောင်စုကျန်းမာရေး၀န်ကြီး ဒေါက်တာမြင့်ထွေး၏ ပြောကြားသောမိန့်ခွန်း

 

ရှေးဦးစွာ ကျန်းမာရေး၀န်ကြီးမှ တက်ရောက်လာကြပါသော အမြဲတမ်းအတွင်း၀န်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် သင်တန်းသား/သင်တန်းသူများအားလုံး "မင်္ဂလာပါ" ဟု နှုတ်ခွန်းဆက် စကားပြောကြားပါသည်။

 

ကျန်းမာရေး၀န်ကြီးဌာန၏ budget ရရှိမှုမှာများပြားပါကြောင်း၊ သို့သော် တိုင်းရင်းဆေး ပညာဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် FDA တို့တွင် ခွဲဝေချထားမှုမှာ နည်းနေပါကြောင်း၊ ထို့ကြောင့် နောက်နှစ် budget တွင် ထပ်တိုးရရှိရန် လုပ်ဆောင်မှု လိုအပ်ကြောင်း၊ budget အနေဖြင့် ရရှိပြီးထားသောအခြားဦးစီးဌာနများမှ ပမာဏအား ခွဲ‌ဝေသုံးစွဲမည်မဟုတ်ဘဲ အသစ် ထပ်မံ တိုးမြှင့်ရရှိရန်သာ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ လုပ်ဆောင်ချက်များ ပြသရန်လည်း လိုအပ်ကြောင်း၊ လိုအပ်သည့်အကူအညီများကိုလည်း ပြည်ထောင်စု ၀န်ကြီးနှင့်အတူ အမြဲတမ်းအတွင်း၀န်များမှ ကူညီသွားမည်ဖြစ်ကြောင်းနှင့် တစ်ဦးတစ်ယောက်ချင်း လုပ်ဆောင်ခြင်းထက်ဝိုင်းဝန်းစုပေါင်းဆောင်ရွက်ခြင်းကထိရောက်မှုပိုမိုမြန်ဆန်ကြောင်းပြောကြားပါသည်။

 

ဆက်လက်၍ ဝန်ကြီးမှ ပြောကြားရာတွင် ယခုသင်တန်းသည် တိုင်းရင်းဆေး ပညာဦးစီးဌာန အနေဖြင့် First course ဖြစ်သည့်အတွက် ယခုသင်တန်းမှ ရရှိလာသော အတွေ့အကြုံများပေါ်တွင်မူတည်ပြီး Second course တွင် အလွန်ကောင်းမွန်အောင် ဆောင်ရွက်နိုင်ကြောင်း၊ အခြားဦးစီးဌာနများအနေဖြင့်လည်း ယခုသင်တန်းကဲ့သို့ ပြုလုပ် နိုင်ကြောင်း၊ Adjustment အနည်းငယ်သာပြုလုပ်ရန်လိုကြောင်းနှင့် Basic principle များမှာ အတူတူပင်ဖြစ်ပါကြောင်း၊ အခြား ၀န်ကြီးဌာနများ၌လည်း အသုံးတည့်မည်ဖြစ်ပါကြောင်း၊ Equipment များ တပ်ဆင်ပေးလိုက်ခြင်းနှင့် တူပါကြောင်းပြောကြားပါသည်။

 

မိမိအနေဖြင့် ယခုသင်တန်းအပြီးတွင် post workshop, post training evaluation ရှိ၊ မရှိ မသိပါကြောင်းနှင့် သင်တန်းအပြီးတွင် လိုအပ်သည်များ ထပ်ထည့်ခြင်း၊ ပိုသည်များကို လျှော့ချခြင်းအားဖြင့် Re-orientated course များလိုအပ်မည် ဖြစ်ပါကြောင်း၊ မွမ်းမံသင်တန်းကို ရက်ရှည် မဟုတ်ဘဲ နေ့ထက်ဝက် (သို့မဟုတ်) တစ်ရက်ခန့်ဆိုလျှင် လုံလောက်နိုင်ပါကြောင်း၊ ညွှန်ကြားရေးမှူးချုပ်အနေဖြင့် စဉ်းစားပေးစေ လိုပါကြောင်း၊ အခြားသော ဦးစီးဌာနများအတွက် လည်း အသုံးကျမှာ ဖြစ်ကြောင်း ပြောကြားပါသည်။

 

ယခုသင်တန်းသည် ဌာနဆိုင်ရာရုံးလုပ်ငန်းနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း သင်တန်း ဆိုသော်လည်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတစ်ခုဖြစ်ပါကြောင်း၊ သင်တန်းတွင် Categories (၁၀)ခုခန့်ပါဝင်ပြီး အလွန်ကောင်းမွန်ပါကြောင်း၊ သင်တန်းတက်ရောက်သူများတွင် ရာထူးအရ မတူညီမှုများရှိနေပါကြောင်း၊ Re-orientated course တွင် ရာထူးအလိုက် Categories များကို ပြန်ခွဲစေလိုကြောင်း၊ သင်တန်းပြီးသော အခါတွင်လည်း Standard operation procedure များပြုလုပ်ပြီး guideline များ ထားရှိရန်လိုအပ်ကြောင်း၊ guideline များကို နေ့စွဲများ ရေးသားထားစေလိုကြောင်း၊ အခါအားလျော်စွာ update ပြန်လုပ်ကာ နေ့စွဲများ ထပ်မံမှတ်သားစေလိုပါကြောင်း၊ ယင်းမှတစ်ဆင့် ဝန်ကြီးဌာနတစ်ခုလုံးကို အကျိုးပြုနိုင်မှာ ဖြစ်ကြောင်း၊ ကျွမ်းကျင်သောပညာရှင်များအား အဖွဲ့ဖွဲ့ကာ တာဝန်ပေးစေလိုကြောင်း၊ လိုအပ်ပါက ဘဏ္ဍာရေးကဲ့သို့ အခြားဌာနများ၏ အကူအညီကို တောင်းခံစေလိုကြောင်း၊ ဆေးရုံများတွင်လည်း guideline များ၊ ချထားစေလိုကြောင်းနှင့် "ဤစာအုပ်သည် ဤဌာနပိုင်ပစ္စည်းဖြစ်သည်၊ ယူဆောင်သွားခြင်းမပြုရပါ" ဟူသည့် မှတ်ချက်များ ရေးသားထားစေလိုကြောင်း ပြောကြား ပါသည်။ ထို့ပြင် ယခု သင်တန်းတွင်ပါဝင်သော Categories များသည် အင်မတန်ကောင်းမွန် ပါကြောင်း၊ အခြားဦးစီးဌာနများအနေဖြင်‌့လည်း ဤကဲ့သို့ သင်တန်း ပြုုလုပ်ကြစေလိုကြောင်း၊ သင်တန်းတွင် ပါဝင်သော ခေါင်းစဥ်များအတိုင်း တိုက်ရိုက်ယူခြင်း (သို့မဟုတ်) လိုအပ်ပါက modify ပြန်လုပ် စေလိုကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၏ အဓိကရည်ရွယ်ချက် အောင်မြင်နိုင်ရန် အတွက် တိုင်းရင်းဆေးပညာရှင်များ၏ (၁) အရည်အသွေး (၂)ခံယူချက် (၃) လုပ်ငန်းစိတ်ဝင်စားမှု (၄) လုပ်ငန်း ပီပြင်အောင် ဆောင်ရွက်နိုင်မှု များအပေါ်တွင် မူတည်ပါကြောင်း၊ ဤသင်တန်းမှ အထောက်အကူများ အလွန်ပေးနိုင်ပါကြောင်း ပြောကြားပါသည်။ မြန်မာ့တိုင်းရင်းဆေးပညာကို ကမ္ဘာပေါ်တွင် လေးစား ရလောက်အောင်၊ စံပြုရလောက်အောင် ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်နေသော အိန္ဒိယနိုင်ငံကဲ့သို့ အဆင့်မြင့်မားစေရန် ကြိုးပမ်းဖို့လိုအပ်ကြောင်း၊ အခြားနိုင်ငံများ၏ ပညာရပ်အားကူးယူရန်မဟုတ်ဘဲ ၄င်းတို့၏ နည်းလမ်းများကို အတုယူ၍ မိမိတို့၏ ပညာရပ်အား တိုးတက်အောင် ဆောင်ရွက်စေလိုကြောင်း၊ ဤသို့ဆောင်ရွက်ရာတွင် ရှေးတိုင်းရင်းဆေးဆရာကြီးများ၏ ကုထုံးများနှင်‌့ အကြံဉာဏ်များကို တောင်းခံရန် လိုအပ်ကြောင်းကို "we have to respect to ဆေးဆရာကြီးများ" ဟူ၍ ပြောကြားခဲ့ ပါသည်။

 

၀န်ကြီးမှ ထပ်မံ၍ပြောကြားရာတွင် မိမိအနေဖြင့် ကြုံကြိုက်တုန်း တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အကြံပေးလိုပါကြောင်းအား အချက်(၁၀)ချက်ဖြင့် ဆွေးနွေး ပြောကြား ခဲ့ပါသည်။

(၁) တိမ်မြုပ်ပျောက်ကွယ်နေသော တိုင်းရင်းဆေးကျမ်းများ၊ ကုထုံးနှင့် ဆေးနည်းများအား ပြန်လည်ဖော်ထုတ်စေလိုကြောင်း ဦးစွာပြောကြားပါသည်။ ဖော်ထုတ်ရမည့် နည်းလမ်းများအား ပညာရှင်များက ပိုမိုသိရှိကြပါကြောင်း၊ မဖော်ထုတ်လို့မရကြောင်း၊ ဖော်ထုတ်ပြီးလည်း ထိန်းသိမ်းရန် လိုအပ်ကြောင်းကို "we have to maintain and sustain" ဟူ၍ ပြောကြားကာ ဖော်ထုတ်ပြီးသည်များအားလည်း စာအုပ်များအဖြစ် ထုတ်ဝေပြီး apply လုပ်စေလိုကြောင်း၊
(၂) အထူးအရေးကြီးသည်မှာ သုတေသနပြုလုပ်ကြရန်ဖြစ်ကြောင်း၊ ဆေးကုသရာတွင်လည်း ကုထုံးများ၊ ရောဂါလက္ခဏာများ၊ သက်သာမှုများကို နေ့အလိုက် စနစ်တကျ မှတ်တမ်းများ ထားရှိခြင်းဖြင့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဘားအံတိုင်းရင်းဆေးရုံသို့ သွားရောက် ကြည့်ရှုခဲ့သည့်အခါတွင် အလွန်ပင်စနစ်ကျ ပါကြောင်း၊ Original symptoms တူသော်လည်း ဆေးနည်းမတူခြင်းများရှိနိုင်ပြီး စနစ်တကျ မှတ်သားထားရမည် ဖြစ်ကြောင်း၊ တိုင်းရင်းဆေး သုတေသနသည် အနောက်တိုင်း သုတေသနများနှင့်မတူ nature of system မတူညီသည့်အတွက် သုတေသနပြုလုပ်ရာတွင် အနည်းငယ် relax ပြုလုပ်ပေးရမည် ဖြစ်ကြောင်း၊
(၃) မျိုးဆက်သစ်တိုင်းရင်းဆေးပညာရှင်များအား ပြုစုပျိုးထောင်မှုသည်လည်း အရေးကြီးကြောင်း၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် သင်ကြားမှုပုံစံ၌ ကျောင်းသူ၊ ကျောင်းသားများ ပိုမို စိတ်ဝင်စားလာ စေရန်အတွက် သင်ကြားရန်တစ်ခုတည်းသာ မဟုတ်ဘဲ အပြန်အလှန်ဆွေးနွေးသည့် ပုံစံမျိုးဖြင့် သွားရန်လိုအပ်ကြောင်း၊ ယင်းမှတစ်ဆင့် new idea များထွက်လာမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေး တက္ကသိုလ် ဆင်းများအား မြှောက်စားကြရမည်ဖြစ်ကြောင်း၊
(၄) တိုင်းပြည်အနေဖြင့် တိုင်းရင်းဆေးပညာရပ်အပေါ်တွင် ရင်းနှီးခြင်းများ အများကြီးပြုလုပ် ထားပါကြောင်း၊ မိမိတို့အနေဖြင်‌့လည်း ဆက်လက်ကြိုးစားလုပ်ဆောင်ပြရန် လိုအပ်ကြောင်း၊ သုတေသနအား မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ သုတေသနနှင့် ပတ်သက်သည့် workshop ပြုလုပ်စေလိုကြောင်း၊
(၅) Traditional medicinal plant and garden နှင့်ပတ်သက်ပြီး စိုက်ပျိုးရေးပညာရှင်များ၏ အကူအညီများရယူရန် လိုအပ်ကြောင်း၊ လိုအပ်ပါက FDA မှလည်း အကူအညီပေးစေလိုကြောင်း၊ အပင်မှ extract ထုတ်လုပ်နည်းများ လုပ်ဆောင်သည့်အခါ ဆေးသုတေသနအနေဖြင့်လည်း အကူအညီပေးစေလိုကြောင်းနှင့် ဌာနအချင်းချင်း ဝိုင်းဝန်းပံ့ပိုးပေးကြစေလိုကြောင်း၊
(၆) ဆေးဝါးများထုတ်လုပ်ရာတွင် BPI ရှိ ကျွမ်းကျင်ပညာရှင်များနှင်‌့လည်း ပူးပေါင်းပါက ပိုမို ကောင်းမွန်မည်ဟု ယူဆကြောင်းနှင့် "Rules and improvement for every field"၊ ဝန်ကြီးဌာနအချင်းချင်းလည်း ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ လာပြီ ဖြစ်ကြောင်း
(၇) အသက်အရွယ်ကြီးရင့်သော တိုင်းရင်းဆေးဆရာကြီးများအား networking အသွင်ဖြင့် ရှာဖွေပြီး ဆေးနည်းနှင့် နည်းလမ်းကောင်းများအား စုဆောင်းရန် လိုအပ်ကြောင်း
(၈) တိုင်းရင်းဆေးဝါးများ မှတ်ပုံတင်ခြင်းနှင်‌့ပတ်သက်၍ အန္တရာယ်ကင်းရှင်းရန် ဆောင်ရွက်စေ လိုကြောင်း၊ ကျင့်ဝတ်နှင်‌့အညီ လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဆေးဝါးများအရည်အသွေး ပြည့်မီရန် လိုအပ်ကြောင်း
(၉) Post marketing surveillance များပြုလုပ်စေလိုကြောင်း၊ လက်ရှိပြုလုပ် နေပါကလည်း ပိုမို ဆောင်ရွက်စေလိုကြောင်း၊ လိုအပ်ပါက FDA နှင့် ပူးပေါင်း စေလိုကြောင်း
(၁၀) တိုင်းရင်းဆေးတက္ကသိုလ်ရှိ Curriculum review အား အမြန်ဆုံးပြုလုပ်စေ လိုကြောင်း၊ ထိုသို့ပြုလုပ်ရာတွင် တိုင်းရင်းဆေးပညာရှင်ကြီးများ၏ အကြံဉာဏ်ဖြင့်သာ ပြုလုပ်စေလိုကြောင်း ပြောကြားပါသည်။
နိဂုံးချုပ်အနေဖြင့် ပြောကြားရာတွင် တစ်ခုနှင့်တစ်ခုသည် link အနေဖြင့် ရှိနေသဖြင့် တစ်ခုကျရှုံးပါက ကျန်သည့်အရာများလည်း ကျရှုံးမှာဖြစ်ကြောင်း၊ Chain တစ်ခုသည် မည်မျှ strong ဖြစ်နေစေကာမူ weakest point ရှိနေပါက ပျက်စီးနိုင်ပါကြောင်း၊ သို့ဖြစ်၍ ဘက်စုံမြှင့်တင်ရန် လိုအပ်ပါကြောင်း၊ သက်ဆိုင်ရာ ပညာရှင်များမှ ဝိုင်းဝန်းအဖြေရှာကာ ရရှိလာသော Strategies များကို ၂၀၁၆ - ၂၀၂၁ National Health Plan တွင် ထည့်သွင်းနိုင်ရန် စီစဉ်ရမည်ဖြစ်ကြောင်း၊ ယခုသင်တန်းသည် အခြားဦးစီးဌာနများအတွက် ရှေ့ဆောင် လမ်းပြဖြစ်ကြောင်း၊ နောက်ပိုင်းတွင် ဝန်ကြီးဌာနအနေဖြင့် တစ်ခုတည်း ပေါင်းလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ