the republic of the union of myanmar

ministry of health

Department of Traditional Medicine

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ညီလာခံနှင့် ပြပွဲအား တက်ရောက်၍ အဖွင့်အမှာစကားပြောကြား

ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်ခိုင်ဝင်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် မြန်မာ့တိုင်းရင်းဆေးပညာသည် ခေတ်အဆက်ဆက်မှ ယနေ့ခေတ်တိုင်အောင် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် အခြေခိုင်မာစွာ ရပ်တည်ခဲ့သည့် ဆေးပညာရပ်တစ်ရပ်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၌လည်း မြန်မာနိုင်ငံသည် အခြားနိုင်ငံများနည်းတူ တိုင်းရင်းဆေးဝါး များကိုအသုံးပြု၍ ဆေးကုသမှုလုပ်ငန်းများဆောင်ရွက်ခဲ့ပါကြောင်း၊ တိုင်းရင်းဆေးပညာရပ်ဖွံ့ဖြိုးတိုးတက် ရန်အတွက် မန္တလေးတွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်၍ တိုင်းရင်းဆေးသမားတော်များ နှစ်စဉ်မွေး ထုတ်ပေးလျက်ရှိပါကြောင်း၊ ယနေ့ညီလာခံတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင် နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများ၏ တိုင်းရင်းဆေးနယ်ပယ်မှ တိုင်းရင်းဆေးပညာရှင် များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များအကြား တိုင်းရင်းဆေးနှင့် ပတ်သက်၍ ဘက်စုံကဏ္ဍစုံမှ စဉ်းစားသုံးသပ်မှုများလုပ်ဆောင်ပြီး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ တိုင်းရင်းဆေးကဏ္ဍ စီးပွားဆက်ဆံမှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်ရေး၊ တိုင်းရင်း ဆေးသုတေသနများ ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ရေး၊ တိုင်းရင်းဆေးများ၏ အရည်အသွေး၊ လုံခြုံစိတ်ချ ရမှုနှင့် အစွမ်းထက်မှုများ မြှင့်တင်နိုင်ရေးတို့အား ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြစေ လိုပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သော ညီလာခံနှင့် ပြပွဲသည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများ၊ လေ့လာသူနိုင်ငံများနှင့် မိတ်ဖက်နိုင်ငံများအကြား တိုင်းရင်းဆေးကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြန်အလှန်နားလည်ယုံကြည်မှုဖြင့် ပိုမိုပူးပေါင်းဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ အာယုဗေဒ၊ ဆိပ်ကမ်းနှင့် ရေကြောင်းပို့ဆောင်ရေး ဆိုင်ရာ ပြည်ထောင်စုဝန်ကြီး H.E Shri Sarbanada Sonowal က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာသည့် ဧည့်သည်တော်များသည် ဖွင့်ပွဲအခမ်းအနားတွင် ပြသထားသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ ပြခန်းငယ်များအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆက် လက်၍ နေ့လည်ပိုင်းတွင် တိုင်းရင်းဆေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာဆိုင်ရာ ဆွေးနွေးပွဲများသို့ အဖွဲ့ဝင်အဖြစ် လိုက်ပါလာသည့် ကိုယ်စားလှယ်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် တက်ရောက်၍ ဆွေးနွေး ခဲ့ကြသည်။ အဆိုပါ ညီလာခံနှင့် ပြပွဲသို့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံ (၈) နိုင်ငံ၊ လေ့လာသူ နိုင်ငံ (၃)နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ (၁၃) နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ တိုင်းရင်းဆေးပညာ ရှင်များ၊ ဆေးဝါးကွပ်ကဲရေးအဖွဲ့များမှ ပညာရှင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

https://www.facebook.com/MinistryOfHealthMyanmar

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ