the republic of the union of myanmar

ministry of health

Department of Traditional Medicine

(၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြား

Union Minister Dr. Myint Htwe delivers a speech at the 20th Myanmar Traditional Medicine Practitioners’ Conference

(၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံတွင် ပြည်ထောင်စုဝန်ကြီး အမှာစကားပြောကြား

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်းဗန်းရှင်း ဗဟိုဌာန(၂) (MICC – 2) ၌ ကျင်းပခဲ့သည် (၂၀) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး အခမ်းအနား ဒုတိယပိုင်းအစီအစဉ်တွင် အမှာစကား ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -
• ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အရေးကြီးသည့် အခန်းကဏ္ဍ၌ ပါဝင်သော မြန်မာ့တိုင်းရင်းဆေးပညာရပ် ဘက်စုံပိုမိုဖွံ့ဖြိုး တိုးတက်စေရေးအတွက် အဘက်ဘက်မှ ပံ့ပိုးဆောင်ရွက်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊
• မြန်မာ့တိုင်းရင်းဆေးပညာရပ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် တိုင်းရင်းဆေးပညာရှင်များ ကို မွေးထုတ်လေ့ကျင့်ပေးနေသော တိုင်းရင်းဆေးတက္ကသိုလ်၏ သင်ရိုးညွှန်တမ်း၊ သင်ကြားသင်ယူမှုပုံစံ၊ သင်ကြားသူ ဆရာ၊ ဆရာမများ၏ အရည်အသွေး၊ အထောက်အကူပြု ပစ္စည်းများ၊ သင်ယူတတ်မြောက်မှု ဆန်းစစ်မှုစနစ်ပုံစံ၊ သုတေသနဆောင်ရွက်မှု၊ နိုင်ငံတကာ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု စသည်ဖြင့် ဘက်ပေါင်းစုံမှ ပိုမိုဖွံ့ဖြိုးတိုးတက်မှု သည် အရေးကြီးပါကြောင်း၊
• သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှုပုံစံများ နှင့် သင်ယူတတ်မြောက်မှု ဆန်းစစ်မှုစနစ်ပုံစံ များ ခေတ်နှင့်အညီ ပိုမိုကောင်းမွန်စေရန်အတွက် တက္ကသိုလ်မှ ပါမောက္ခများ၊ ဆရာ၊ ဆရာမများအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးခြင်း၊ ဆရာ၊ ဆရာမများကို နိုင်ငံတကာတက္ကသိုလ်များတွင် သင်ကြား သင်ယူမှုများကို သွားရောက်လေ့လာစေခြင်းနှင့် မွမ်းမံသင်တန်းများ ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• သင်ကြားသင်ယူမှုပြုလုပ်ရာတွင် ဆရာနှင့် ကျောင်းသား ပူပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် မေးမြန်းဆွေးနွေးမှုများ ပိုမိုပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊
• တက္ကသိုလ်စာကြည့်တိုက်ကိုလည်း စာအုပ်စာတန်းများ စုံလင်စေရေးနှင့် ခေတ်နှင့်အညီ အီလက်ထရောနစ်စနစ်အသုံးပြုဆောင်ရွက်ရေး ပြုလုပ်သွားရမည်ဖြစ်ပါကြောင်း၊
• တက္ကသိုလ်တွင် သုတေသနယူနစ်နှင့် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့တို့၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
• ဆေးစွမ်းထက်မြက်သော မြန်မာ့တိုင်းရင်းဆေးဝါးများ၏ ဆေးအာနိသင်၊ ဆေး၏ ဂုဏ်သတ္တိများကိုသာမက ဘေးအန္တရာယ်ကင်းရှင်းမှုဆိုင်ရာ သုတေသနများ၊ တိုင်းရင်းဆေးကုထုံးဆိုင်ရာ သုတေသနများ၊ တိုင်းရင်းဆေးပင်နှင့် ဆေးပစ္စည်း အသစ်များဖော်ထုတ်နိုင်ရန် သုတေသနများ စသည်တို့ကို ဆေးသုတေသနဦးစီးဌာန၊ အခြားနှီးနွှယ်ဝန်ကြီးဌာနမှ ဦးစီးဌာနများ၊ နိုင်ငံတကာ တက္ကသိုလ်များ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ ပိုမိုလုပ်ဆောင်သွားစေလိုပါကြောင်း၊
• အခြားနိုင်ငံများ၌ တိုင်းရင်းဆေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်နေသည်ကို အင်တာနက်ကွန်ရက်အသုံးပြု၍ ရှာဖွေလေ့လာရန်အတွက် သတင်းအချက်အလက်ရှာဖွေ စုဆောင်းမှုယူနစ် (Information Seeking Unit) များကို တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးတက္ကသိုလ်၌ အမြန်ဆုံးတည်ထောင်ရမည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းဆေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင် ခဲ့ကြသည့် တိုင်းရင်းဆေးပညာရှင်ကြီးများအား Professor Emeritus များ၊ Honorary Professor များနှင့် Visiting Lecturer များ အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် ဆေးသုတေသနဦးစီးဌာန (ပြင်ဦးလွင်) တွင် သုတေသနစွမ်းဆောင်ရည်မြှင့်တင်မှု သင်တန်းများကို ပုံမှန်ပြုလုပ်လျက်ရှိရာ တိုင်းရင်းဆေးတက္ကသိုလ်မှ စိတ်ပါဝင်စားသူများအနေဖြင့် စာရင်းပေးသွင်းတက်ရောက် နိုင်ပါကြောင်း၊
• တိုင်းရင်းဆေးဝါးများ ထုတ်လုပ်ရာတွင် ကုန်ကြမ်းများ စိုက်ပျိုးမှုနှင့် ထုတ်လုပ်မှု၊ ထားသိုမှု၊ ဆေးဝါးအဖြစ်ထုတ်လုပ်မှု၊ ကုန်ချောထားသိုဖြန့်ဖြူးမှု စသည်ဖြင့် အဆင့်တိုင်းတွင် အရည်အသွေးနှင့် စံချိန်စံညွှန်းများ ပြည့်ဝစေရန်အတွက် ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာရပ်ကဏ္ဍကြီးတစ်ခုလုံး ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီး ဌာန၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ တိုင်းရင်းဆေးပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရောင်းချသူများ အားလုံးပူးပေါင်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်ပြီး ဝန်ကြီးဌာနထံသို့ အကြံပြုချက်များ ပေးအပ်ကြစေ လိုပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းဆေးရုံများမှ ဆေးရုံအုပ်များ၏ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းများကိုလည်း ပြုလုပ်လျက်ရှိရာ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တိုင်းရင်းဆေးဝါးများမှတ်ပုံတင်ခြင်းကို ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချကာ အီလက်ထရောနစ် စနစ်ဖြင့် မကြာမီစတင်ဆောင်ရွက်တော့မည်ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံမှ တိုင်းရင်းဆေးမှတ်တိုင်များ (Milestones of Traditional Medicine in Myanmar) စာအုပ်ဖြင့် မြန်မာ့တိုင်းရင်းဆေးပညာ၏ နှစ်ပေါင်းထောင်ချီ သမိုင်းမှတ်တိုင်များကို မှတ်တမ်းပြုစုနိုင်ခဲ့ပါကြောင်း၊ အဆိုပါ မှတ်တိုင်စာအုပ်ကို စနစ်တကျလေ့လာဆန်းစစ်မှုများ ပြုလုပ်၍ ပိုမိုတိုးတက်စေရေးလုပ်ငန်းများဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊
• မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ၊ နာယကအဖွဲ့သည် ဥပဒေအရ (၄၅)ဦးထက် မပိုသော မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီအား မကြာမီ ဖွဲ့စည်းတော့မည်ဖြစ်ပါကြောင်း၊
• (၁၉) ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များ ညီလာခံမှ မှတ်တမ်းများနှင့် အကြံပြုချက်များသည် အထူးပြည့်စုံသဖြင့် ၎င်းတို့ကို ဆန်းစစ်သုံးသပ်မှုများပြုလုပ်၍ မူဘောင်နှင့် လမ်းပြမြေပုံများ ချမှတ်ဆောင်ရွက်စေလိုပါကြောင်း၊
• ထို့အပြင် ယခုကဲ့သို့ညီလာခံမျိုးကိုသာမက တိုင်းရင်းဆေးပညာဆိုင်ရာ အထွေထွေဆွေးနွေး မှုများနှင့် အတွေ့အကြုံဖလှယ်မှုများဆောင်ရွက်နိုင်ရန်အတွက် ဦးစီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ တိုင်းရင်းဆေး ပညာရှင်များ၊ တိုင်းရင်းဆေးဝါးထုတ်လုပ်ရောင်းချသူများ ပါဝင်သည့် နှီးနှောဖလှယ်ပွဲများ ကိုလည်း (၄) လလျှင် (၁) ကြိမ်ခန့် တိုင်းရင်းဆေးတက္ကသိုလ်တွင် ပုံမှန်ပြုလုပ် သွားစေလိုပါကြောင်း၊
• ဝန်ကြီးဌာနအနေဖြင့် မြန်မာ့တိုင်းရင်းဆေးပညာရပ် ဘက်စုံပိုမိုဖွံ့ဖြိုးတိုးတက်စေရေး အတွက် အတတ်နိုင်ဆုံးပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် နှင့် တာဝန်ရှိသူများက ညီလာခံသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ပါသည်။

အဆိုပါ ညီလာခံသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေး တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ နှီးနွှယ်ဦးစီးဌာနနှင့် တက္ကသိုလ်များမှ တာဝန်ရှိသူများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီ နာယက၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံကိုယ်စားလှယ်များ၊ တိုင်းရင်းဆေးနှင့်ဆေးပစ္စည်းထုတ်လုပ်သူအသင်းမှ တာဝန်ရှိသူများ တက်ရောက်၍ အဆိုပြုစာတမ်းများ တင်ပြခြင်း၊ အဆိုပြုစာတမ်းများနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ပြန်လည်သုံးသပ် ဆွေးနွေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနား ဒုတိယပိုင်းအစီအစဉ်သို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကော်မတီဥက္ကဋ္ဌများ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုဝန်ကြီးရုံး)၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

https://web.facebook.com/MinistryOfHealthAndSportsMyanmar/posts/3031572480205370

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ