the republic of the union of myanmar

ministry of health

Department of Traditional Medicine

“တိုင်းရင်းဆေးရုံအုပ်ကြီးများနှင့် ဆေးရုံအုပ်များအတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုသင်တန်း (၁/၂၀၁၉)” ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးတက်ရောက်

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

နေပြည်တော်၊ ဇွန်လ (၁၁) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် အမျိုးသားပရဆေးဥယျာဉ် (နေပြည်တော်) ရှိ ရှင်းလင်းဆောင်တွင် ကျင်းပ ပြုလုပ်လျ က်ရှိသည့် “တိုင်းရင်းဆေးရုံအုပ်ကြီးများနှင့် ဆေးရုံအုပ်များအတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုသင်တန်း (၁/၂၀၁၉)” ဖွင့်ပွဲအခမ်း အနားသို့ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် -
• တိုင်းရင်းဆေးရုံများ၏ ဘဏ္ဍာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ ဆေးဝါးနှင့်ဆေးပစ္စည်း၊ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေး၊ သတင်းအချက်အလက်၊ ဆေးရုံစွန့်ပစ်ပစ္စည်း စသည် တို့အား စီမံခန့်ခွဲမှုပြုလုပ်လျက်ရှိသည့် တိုင်းရင်းဆေးရုံအုပ်ကြီးများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသည့် ယခုသင်တန်းကို ပြုလုပ်နိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများအား ကျေးဇူး တင်ရှိ အသိအမှတ်ပြုပါကြောင်း၊
• တိုင်းရင်းဆေးရုံအုပ်ကြီးများအနေဖြင့် လူနာများအား အရည်အသွေးပြည့်ဝကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများပေးအပ်နိုင်ရေးနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်တွင် အဆင်ပြေ ချောမွေ့စေရေးတို့ကို စနစ်တကျစီမံခန့်ခွဲရန်အတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှု စွမ်းရည်များကောင်းမွန် မြင့်မားရေးမှာ အရေးကြီးပါကြောင်း၊
• ဆေးရုံအုပ်ကြီးများအနေဖြင့် မိမိတို့၏ ဆေးရုံများ၏ လုပ်ငန်းကိစ္စများကို မိမိ၏ကိုယ်ပိုင်အရေး ကိစ္စသဖွယ်အလေးထားဆောင်ရွက်သွားရန်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း မိမိ၏ ဆွေမျိုးရင်းချာ များသဖွယ် ရင်းနှီးချစ်ခင်စွာဖြင့် လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးကြစေ ရန် ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးရုံများတွင် ရောဂါအမျိုးအစားအလိုက်ဖြစ်ပွားမှု၊ ဆေးဝါးပစ္စည်းအမျိုးအစား အလိုက် အသုံးပြုမှု စသည့် စာရင်းဇယားသတင်း အချက်အလက်များကို စနစ်တကျ ထားရှိရမည်ဖြစ်ပြီး ဝန်ကြီးဌာနမှ တိုင်းရင်းဆေးစက်ရုံများအနေဖြင့် အဆိုပါ စာရင်းဇယားများအရ လိုအပ်သည့် ဆေးဝါးများကို ချိန်ညှိတွက်ဆထုတ်လုပ်နိုင်ခြင်းအပါအဝင် များစွာသော အကျိုးကျေးဇူးများ ရရှိနိုငိမည် ဖြစ်ပါကြောင်း၊
• ဆေးရုံများမှ ပေးပို့လာသော စာရင်းဇယားများကို စိစစ်သုံးသပ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာခြင်း (analyze and evaluate) များပြုလုပ်ပြီး သုံးသပ်ချက်များကို ပြန်လည်ပေးပို့ခြင်း ပြုပြင်ဆောင်ရွက်စေခြင်း (Feedback) ဖြင့် အားနည်းချက်ရှိသည်များကို ဖြည့်ဆည်းဆောင် ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးရုံများ၏ အနောက်တိုင်းဆေးရုံများနှင့် ကွာခြားမှုရှိသော ဆေးရုံအညွှန်းကိန်း များနှင့် ပတ်သက်၍လည်း ဆွေးနွေးကြစေလိုပါကြောင်း၊
• တိုင်းရင်းဆေးရုံများ၏ ဥပဓိရုပ်သွင်ပြင်နှင့် ပတ်ဝန်းကျင် နှင့် လူနာဆောင်များ သန့်ရှင်း သပ်ရပ်စေရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊
• ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံမှဆင်းသည့်လူနာများအား ကျန်းမာရေးအသိပညာ ပေးခြင်းကိုလည်း ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာ၊ တိုင်းရင်းဆေးဝါးများနှင့်ပတ်သက်၍လည်းကောင်း၊ ကျန်းမာရေးနှင့် ညီညွတ်မျှတစေရန် အတွက် ဆောင်ရန်၊ ရှောင်ရန်များနှင့် ပတ်သက်သော အခြေခံဗဟုသုတများ အား အများပြည်သူ ပိုမိုသိရှိနိုင်ကာ ပိုမိုယုံကြည်အားကိုးအားထားပြုစေရေးအတွက် စာအုပ်ငယ် တစ်ခုပြုစု ဖြန့်ဝေပေးရန်ဖြစ်ပါကြောင်း၊
• ယခုသင်တန်းတွင် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းပုံစုံဖြင့် ဆောင်ရွက်သွားရန်ဖြစ်ပြီး သင်တန်းပြီးဆုံးသည့်အခါ သင်တန်းတက်ရောက်ခဲ့သူများအား အုပ်စုဖွဲ့ဆွေးနွေးခြင်း (focus group discussion) များ ပြုလုပ်၍ သင်တန်း၏ အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊
• ယခုသင်တန်းမှ အားနည်းချက်များကို မွမ်းမံပြင်ဆင်၍ နောင်ဆက်လက်ဆောင်ရွက်မည့် သင်တန်းများ ပိုမိုကောင်းမွန်စေရေးဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• ဒုတိယအကြိမ်သင်တန်းတွင်လည်း ယခုသင်တန်းတွင် တက်ရောက်ခဲ့သူများမှ သင်တန်းဆရာများနှင့် တွဲဖက်၍ သင်တန်းတွင် စာတွေ့သင်ကြားခဲ့မှုများအား လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်ခြင်းများကို ဆွေးနွေးစေမည်ဖြစ်ပါကြောင်း၊
• တိုင်းဒေသကြီး/ပြည်နယ်အဆင့်ဆေးရုံကြီးများတွင် တိုင်းရင်းဆေးပညာဌာနများ ဖွင့်လှစ်ကာ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးရုံများတွင် ကုသမှုဆိုင်ရာသုတေသနများ၊ clinical trial နှင့် အသုံးချ သုတေသနများ တွဲဖက်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊
• တိုင်းရင်းဆေးပညာဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် အိမ်နီးချင်းနှင့် နိုင်ငံတကာနိုင်ငံများသို့ လေ့လာရေးခရီးသွားရောက်နိုင်ရန်ကိုလည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတက်ရောက်သူများကိုယ်စား ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံကြီး (မန္တလေး)၊ ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (ပြည်) နှင့် ခုတင် (၅၀) ဆံ့တိုင်းရင်းဆေးရုံ (မော်လမြိုင်) တို့မှ ဆေးရုံအုပ်ကြီးနှင့် ဆေးရုံအုပ်များက သင်တန်းနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးအပ် ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးဆွေက သင်တန်းပြုလုပ်ရန် အတွက် စီစဉ်ဆောင်ရွက်ခဲ့မှုများကို တင်ပြ ပြောကြားခဲ့ပါသည်။
ယခုသင်တန်းသည် တိုင်းရင်းဆေးရုံအုပ်များအတွက် ဆေးရုံစီမံခန့်ခွဲမှုနှင့် ခေါင်းဆောင်မှုများကို သင်တန်းပို့ချဆောင်ရွက်ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ တိုင်းရင်းဆေးရုံ အုပ်ကြီးနှင့် ဆေးရုံအုပ် (၂၄) ဦးတက်ရောက်လျက်ရှိကာ အလားတူသင်တန်းများကို ဆက်လက်ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးဝါးကုန်ကြမ်းဖြစ်ကြောင်းထောက်ခံချက်
ဆံပင်ဆိုးဆေးအန္တရာယ်မှ ကင်းဝေးစေဖို့ တိုင်းရင်းဆေးနည်းများကို အသုံးပြုစို့
အရွယ်နုပျိုအသက်ရှည်စေသော မီးဖိုချောင်းသုံးဆေးဖက်ဝင် အစားအစာ ရှောက်၊သံပရာ၊ ဆီးဖြူသီး၊ ကြက်သွန်ဖြူ ၊ကြက်သွန်နီ၊ နနွင်း
မီးယပ်သွေးငုပ်ခြင်း အကြောင်းသိကောင်းစရာ