the republic of the union of myanmar

ministry of health

Department of Traditional Medicine

သုတေသနဓာတ်ခွဲခန်း (၂၀၁၆ ဧပြီ လ မှ ၂၀၁၇ မတ်လ အတွင်း)

သုတေသနဓာတ်ခွဲခန်းသည် တိုင်းရင်းဆေးဝါး မှတ်ပုံတင် (အသစ်/ သက်တမ်းတိုး)ရန် ပေးပို့လာ သော တိုင်းရင်းဆေးဝါးများကို ဓာတ်ခွဲ စစ်ဆေးရာ တွင် အောက်ပါနည်းလမ်းများဖြစ်သည့်

● (၁) အပင်နှင့်အပင်၏ အစိတ်အပိုင်းများ စစ်မှန်မှု ရှိ/မရှိ စစ်ဆေးခြင်း (Plant Identification Test)

● (၂) အနောက်တိုင်းဆေးဝါးရောနှောခြင်း ရှိ/မရှိ စစ်ဆေး ခြင်း (Adulteration Test)

● (၃) အဆိပ်အတောက်ဖြစ်စေတတ်သော သတ္တုမာများ ပါဝင်မှု ရှိ/မရှိ စစ်ဆေးခြင်း (Heavy Metals Test)

● (၄) မှိုနှင့် ဘက်တီးရီးယာပိုးမွှားများ ပေါက်ပွားမှု ရှိ/မရှိ စစ်ဆေးခြင်း (Microbial Contamination Test)

● (၅) တည်မြဲမှုနှင့် သက်တမ်းစစ်ဆေးခြင်း (Stability and Shelf life) စသည့်နည်းလမ်းများဖြင့် စစ်ဆေး ပေးလျက်ရှိရာ အောက်ပါစစ်ဆေးမှုများကို လုပ်ဆောင် နိုင်ခဲ့ပါသည်။

 

စဉ် ဓာတ်ခွဲစစ်ဆေးမှုများ အရေအတွက်
မှတ်ပုံတင်ဆေးဝါးဓာတ်ခွဲမှု (ဆေးဖုံ) ၄၀၆ ဖုံ
Certificate ထုတ်ပေးမှု (ဆေးဖုံ) ၂ ဖုံ
ကုန်သွယ်ရေးမှ ပေးပို့လာသော ပရဆေးကုန်ကြမ်းများ၏ စစ်မှန်မှုအား စစ်ဆေးပေးခြင်း ၁၁၀ ခု
စျေးကွက်ဆေးဝါးများအား စစ်ဆေးခြင်း (PMS) (ဆေးဖုံ) ၁၀၀ ဖ
မှတ်ပုံတင်ဆေးဝါးများ၏ တည်မြဲမှုနှင့် သက်တမ်း စစ်ဆေးခြင်း (ဆေးဖုံ) ၁၂၃၉ ဖုံ

 

တိုင်းရင်းဆေးဝါးများ ဓာတ်ခွဲစစ်ဆေးရာတွင် လုပ်ငန်းလိုအပ်ချက်ရှိပါက သတ္တုမာ (Heavy Metals) များ၏ ပါဝင်မှုကို Qualitative အပြင် Quantitative ပါ စတင် တိုင်းတာနေပြီ ဖြစ်ပါသည်။

 

ထို့အပြင် အောက်ပါသုတေသနလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိပါသည်။

(၁) ပေါင်းချွေးခံခြင်းဖြင့် Chlorestrol ကျနိုင်မှုအာနိသင် ရှိ/မရှိ သုတေသန၊
(၂) ချင်း၊ သံပုရာဖြင့် Chlorestrol ကျနိုင်မှုအာနိသင် ရှိ/မရှိ သုတေသန၊
(၃) ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အထောက်အပံ့ဖြင့် တိုင်းရင်းဆေးဝါးမှတ်ပုံတင် လျှောက်ထားလာသော ဆေးဖုံ(၅၀)ကို စံချိန်စံညွှန်းသတ်မှတ်ခြင်းသုတေသန (Standardization and TM Formulation Research)၊

တိုင်းရင်းဆေးပညာဦးစီးဌာန၏ သုတေသနလမ်းပြမြေပုံ (Research Road Map) ကို ရေးဆွဲလျက်ရှိပြီး သုတေသန လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ခြင်း၊ သုတေသနဓာတ်ခွဲခန်းများ အဆင်မြှင့်တင်ခြင်းတို့ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

အိမ်ရှင်မများအတွက် အစာလည်းဆေး၊ ဆေးလည်းအစာ ပင်စိမ်းပင်အကြောင်း သိကောင်းစရာ
မဆလာအုပ်စုဝင် ဟင်းခတ်အမွှေးအကြိုင်များ၏ ဆေးဖက်အသုံးဝင်ပုံအကြောင်း သိကောင်းစရာ
ဆေးပင်စားပင် ဥသျှစ်ပင်
တိုင်းရင်းဆေးပညာနှင့် ချွေးထုတ်ခြင်း