the republic of the union of myanmar

ministry of health

Department of Traditional Medicine

နိုင်ငံတော်သမ္မတ၏ အခြေပြမိန့်ခွန်းအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန မှ ထည့်သွင်းစေလိုသည့် အချက်အလက်များနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများ

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

နေပြည်တော်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနကို စီမံရေးရာဌာန၊ ကုသရေးဌာန၊ ဆေးဝါးနှင့်ပရဆေးဥယျာဉ်ဌာနနှင့် သုတေသနနှင့်ဖွံ့ဖြိုးရေးဌာနတို့ဖြင့် ဖွဲ့စည်းထားရှိပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ မြို့နယ်တိုင်းရင်းဆေးကုဌာန (၂၁၀) ခန်းနှင့် ခုတင် (၁၀၀) ဆံ့တိုင်းရင်းဆေးရုံ (၃) ရုံ ၊ ခုတင် (၅၀)ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၂၅) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၉) ရုံ၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံ (၁၅)ရုံ တို့မှ (၂၀၁၇-၂၀၁၈) ဘဏ္ဍာနှစ်တွင်  အတွင်းလူနာ (၁၆၈၁၉) ဦး၊ ပြင်ပလူနာ (၆၂၆၈၁၃)ဦး၊ (၂၀၁၈) ဘဏ္ဍာနှစ်တွင် အတွင်းလူနာ (၆၂၇၁) ဦး၊ ပြင်ပလူနာ (၃၁၂၂၄၅) တို့ကို တိုင်းရင်းဆေးဖြင့် ကုသမှုပေးနိုင်ခဲ့ ပါသည်။

၁။     တိုင်းရင်းဆေးရုံအသစ်များဖွင့်လှစ်ပေးခဲ့ခြင်း

   တိုင်းရင်းဆေးပညာဦးစီးဌာနမှ ရေနံချောင်းမြို့၊ ပေါက်မြို့၊ ကျောက်ဆည်မြို့၊ ရမည်းသင်းမြို့၊ ပခုက္ကူမြို့၊ မိုးကုတ်မြို့၊ မန်စီမြို့၊ ထားဝယ်မြို့၊ ပဲခူးမြို့၊ ကျိုင်းတုံမြို့နှင့် မော်လမြိုင်ကျွန်းမြို့ ညောင်ဦးမြို့၊ ရေတာရှည်မြို့၊ ပျော်ဘွယ်မြို့၊  ဖြူးမြို့များတွင် တိုင်းရင်း ဆေးရုံအသစ်များ စုစုပေါင်း (၁၅) ရုံ ဖွင့်လှစ်ပေးခဲ့ခြင်း။--------------

ပူးတွဲအပြည့်အစုံဖတ်ရှုပါ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း
မိုးဥတုတွင် ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို တိုင်းရင်းဆေးဖြင့် စောင့်ရှောက်ခြင်း