the republic of the union of myanmar

ministry of health

Department of Traditional Medicine

တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးဥပဒေအရ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်များကို (၂၀-၇-၂၀၁၈)ရက်နေ့ အထိအောက်ဖော်ပြပါအတိုင်း စိစစ်ခွင့်ပြုပေးထားရှိပါသည်

Error message

Notice: Undefined index: field_images in include() (line 5 of /var/www/html/sites/all/themes/dtm/template/node/node--article.tpl.php).

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

တိုင်းရင်းဆေးပညာဦးစီးဌာန

၁။      တိုင်းရင်းဆေးပညာဦးစီးဌာနသည် တိုင်းရင်းဆေးဝါးဥပဒေအရ တိုင်းရင်းဆေးဝါးမှတ်ပုံတင် နှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်များကို (၂၀-၇-၂၀၁၈)ရက်နေ့ အထိအောက်ဖော်ပြပါအတိုင်း စိစစ်ခွင့်ပြုပေးထားရှိပါသည်-

          တိုင်းရင်းဆေးဝါးမှတ်ပုံတင်                         (၁၄၀၇၈) ခု

          တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်         (၃၁၂၁) ခု           တို့အားခွင့်ပြုထားရှိပါသည်။

 

၂၀၁၈ ခုနှစ် ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ဆောင်ရွက်ချက်များ

၂။      တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်ကိစ္စရပ်များအား အောက်ဖော်ပြပါအတိုင်း ဆောင်ရွက် ခဲ့ပါသည်-

စဉ်

အကြောင်းအရာ

အရေအတွက်

(က)

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(အသစ်)ခွင့်ပြု

၁၉၆

(ခ)

တိုင်းရင်းဆေးဝါးမှတ်ပုံတင်(သက်တမ်းတိုး) ခွင့်ပြု

၅၆၃

(ဂ)

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(အသစ်) ခွင့်ပြု

၂၄၉

(ဃ)

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး) ခွင့်ပြု

၂၀၅

(င)

တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်(ဖြည့်စွက်)ခွင့်ပြု

၄၃

(စ)

ပရဆေးကုန်ကြမ်းထောက်ခံချက် ထုတ်ပေးခြင်း

၇၉

(ဆ)

Certificate of Free Sale ခွင့်ပြု

(ဇ)

ဈေးကွက်စစ်တမ်းကောက်ခြင်း (Post Market Survey)

၁၃

 

၃။      လူမှုဆက်ဆံရေးအရာရှိတာဝန်ပေးခန့်အပ်ထားရှိခြင်း

          တိုင်းရင်းဆေးပညာဦးစီးဌာန၊ ဆေးဝါး/ဥယျာဉ်ဌာန(ခွဲ)၊ ဆေးဝါးမှတ်ပုံတင်ဌာန(စိတ်)တွင် မှတ်ပုံတင်နှင့်လိုင်စင်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လူမှုဆက်ဆံရေးအရာရှိတစ်ဦး အား အောက်ဖော်ပြပါအတိုင်း တာဝန်ပေးအပ်ထားရှိပြီး လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးလျက်ရှိပါသည်-

          (က)   လုပ်ငန်းလာရောက်ဆောင်ရွက်သူများ၏ ဆောင်ရွက်မည့်လုပ်ငန်းအလိုက် ရှင်းလင်းပြောကြားရန်၊

          (ခ)    ဆောင်ရွက်မည့်လုပ်နှင့်သက်ဆိုင်သော နေရာသို့ ညွှန်ပြပေးရန်၊

          (ဂ)    လုပ်ငန်းဆောင်ရွက်စဉ် အခက်အခဲများပေါ်ပေါက်ပါ ကူညီဆောင်ရွက်ပေးရန်၊

          (ဃ)   လာရောက်ဆောင်ရွက်သည့် လုပ်ငန်းကို ဆောင်ရွက် ပြီးစီးခြင်းရှိ/ မရှိ စိစစ်ရန်၊

          (င)    အကြံပြုရန်ရှိပါက မှတ်တမ်းစာအုပ်တွင် အကြံပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန်၊

          (စ)    လိုအပ်ပါက သက်ဆိုင်ရာ အထက်အဆင့်သို့တင်ပြဆောင်ရွက်ရန်၊

 

၄။      အကြံပြုချက်များအပေါ်ဆောင်ရွက်မှု

          ထို့အပြင် ဆေးဝါးမှတ်ပုံတင်နှင့် လိုင်စင်ကိစ္စရပ်များတွင် လိုအပ်သည်များအကြံပြုနိုင်ရေး အတွက် အကြံပြုမှတ်တမ်းစာအုပ်ထားရှိသကဲ့သို့ အကြံပြုစာထည့်ရန် ပုံးများချိတ်ဆွဲထားရှိ၍ အကြံပြု ချက်များအား အလေးအနက်ထားဖြေရှင်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

၅။      မှတ်ပုံတင်နှင့်လိုင်စင် ခွင့်ပြုကတ်ပြားများလွယ်ကူစွာထုတ်ယူနိုင်ရေးဆောင်ရွက်မှု

          မှတ်ပုံတင်နှင့် လိုင်စင်ခွင့်ပြုကတ်ပြားများကို လွယ်ကူစွာထုတ်ယူနိုင်ရန် ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၏ ခွင့်ပြု ကတ်ပြားများကို ၎င်းတို့၏ဆန္ဒနှင့်အညီ တိုင်းရင်းဆေးပညာဦးစီးဌာန(ရုံးချုပ်)၌ ထုတ်ယူနိုင်သကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး၊တိုင်းရင်းဆေးပညာဦးစီးဌာနမှူးရုံးများတွင်လည်း ထုတ်ယူနိုင်ရေးကို စီစဉ်ထားရှိပြီးဖြစ်ပါသည်။

တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့်တိုင်းရင်းဆေးဝါးထုတ်လုပ်ခွင့်လိုင်စင်ကတ်များ လွှဲပြောင်းပေးအပ်သည့်စာရင်း

စဉ်

အကြောင်းအရာ

ရန်ကုန်

မန္တလေး

ရက်စွဲ

အရေအတွက်

ရက်စွဲ

အရေအတွက်

မှတ်ပုံတင်(အသစ်)

၁၃-၆-၂၀၁၈

၅၇

 

 

 

 

 

 

၆-၇-၂၀၁၈

၃၉

မှတ်ပုံတင်(သက်တမ်းတိုး)

၂၅-၅-၂၀၁၈

၂၂

၅-၆-၂၀၁၈

၇၂

 

 

၁၃-၆-၂၀၁၈

၁၁၀

၆-၇-၂၀၁၈

၂၈

 

 

၂-၇-၂၀၁၈

၉၉

 

 

ထုတ်လုပ်ခွင့်လိုင်စင်(အသစ်)

၁၃-၆-၂၀၁၈

၄၁

၆-၇-၂၀၁၈

၂၃

ထုတ်လုပ်ခွင့်လိုင်စင်(သက်တမ်းတိုး)

၁၃-၆-၂၀၁၈

၆၂

၅-၆-၂၀၁၈

၂၂

 

 

၂-၇-၂၀၁၈

၁၆

၆-၇-၂၀၁၈

 

၆။      မှတ်ပုံတင်နှင့်လိုင်စင် ခွင့်ပြုကတ်ပြားများလွယ်ကူစွာထုတ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက် မည့်အစီအစဉ်

          ရန်ကုန်တိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တွေ့ကြုံရသည့်အခက်အခဲများ၊ အားနည်းချက်များနှင့် အားသာချက်များကို သုံးသပ်စိစစ်နမူနာယူ၍ ကျန်ရှိသောတိုင်းဒေသကြီးနှင့် ပြည်နယ်များ၌လည်း သက်ဆိုင်ရာ တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းများ၏ ဆန္ဒနှင့်အညီ လွယ်ကူစွာထုတ်ယူနိုင်ရေးကို ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

 

၇။      အခြားဆောင်ရွက်ချက်များ

          ရန်ကုန်နှင့် မန္တလေးတို့ရှိ တိုင်းရင်းဆေးဝါးလုပ်ငန်းစက်ရုံ ဝန်ထမ်းများသည် ဆေးဝါးထုတ် လုပ်ခြင်းလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် စက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆေးဝါး လုပ်ငန်းစက်ရုံ၊ အင်းစိန်၌ လုပ်ငန်းများစနစ်တကျဆောင်ရွက်နေမှုအား အောက်ဖော်ပြပါ   ရည်ရွယ် ချက်များနှင့်အညီ (၆-၈-၂၀၁၈)ရက်နေ့မှ (၁၀-၈-၂၀၁၈)ရက်နေ့အထိ လေ့လာရေးသွားရောက်မည် ဖြစ်ပါသည်-

          (က)   ဆေးဝါးကုန်ကြမ်းများ စနစ်တကျထိန်းသိမ်းဆောင်ရွက်နိုင်စေရန် (Warehousing)

          (ခ)    ဆေးဝါးကုန်ချောဆောင်ရွက်ပုံအဆင့်ဆင့် (Production)

          (ဂ)    အဆောက်အဦနှင့် စက်ပစ္စည်းများထိန်းသိမ်းမှုနည်းစနစ်များ   (Premises and Equipment)

          (ဃ)   ကုန်ကြမ်းနှင့်ကုန်ချောများအား အရည်အသွေးထိန်းသိမ်းမှုနည်းစနစ်များ  (Quality control)

          (င)    စွန့်ပစ်သည့်ပစ္စည်းများနှင့်ပတ်သက်၍ ဆောင်ရွက်ချက်များ  (Waste Management System)

          (စ)    မှတ်တမ်းမှတ်ရာပုံစံများ စနစ်တကျချမှတ်နိုင်ရန်နှင့် ရေးသွင်းနိုင်ရန်  (Documentation)

          (ဆ)   အရည်အသွေးအား တသမတ်တည်းဖြစ်စေရန် စီမံခန့်ခွဲရေးနည်းစနစ်   (Quality Management System)

 

ပူးတွဲအပြည့််အစုံ

ဆောင်ရွက်ချက်များ

Radio Talk and TV

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်

သုတအဖြာဖြာတိုင်းရင်းဆေးပညာအစီအစဉ်ကို သုတေသန/ဖွံ့ဖြိုးရေးဌာနခွဲ၊ ဖွံ့ဖြိုးရေးဌာနစိတ်မှ ဆရာ/ ဆရာမများက နေပြည်တော်မြန်မာ့အသံနှင့် မြဝတီ အသံလွှင့်ဌာန တို့မှ ပညာပေးအသံသွင်း ဟောပြော ထုတ်လွှင့်လျက်ရှိပါသည်။

ဆေးပင်စားပင် ကြက်ဟင်းခါးပင်
တိုင်းရင်းဆေးပညာအရ လေကြောင့်ဖြစ်သော အစာအိမ်ရောဂါ (ဝိဒ္ဓါဇိဏ္ဏ ) အကြောင်းသိကောင်းစရာ
တိုင်းရင်းဆေးပညာအရ အရသာ(၆)ပါးအကြောင်းသိကောင်းစရာ
မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်သက်ရင်းကြီးပင်ကိုအသုံးပြု၍ တိုင်းရင်းဆေးဖြင့်စောင့်ရှောက်ခြင်း